November 23, 2024

ILO ရဲ့ အရေးယူဆောင်ရွက်မယ့်လုပ်ငန်းစဉ်က စစ်ကောင်စီကို ဘယ်လောက် အထိနာစေနိုင်မလဲ။

“စစ်အုပ်စုနဲ့ပတ်သက်တဲ့ ငွေရေးကြေးရေး စီးမျောမှုကို အဲဒီ အကြောင်းကို Article 33 နဲ့ တင်သွင်းပြောဆိုမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက တစိုက်မတ်မတ် ကျူးလွန်တဲ့သူတွေကို သက်သေအထောက်အထားနဲ့ အပြည်ပြည်ဆိုင်ရာက တဆင့်ခုံရုံးတင်မှာ တရားရုံးတွေမှာ အပြစ်ပေးအရေးယူဖို့ကိစ္စကို ကြိုးစားလို့ ရပါတယ်” – ဦးမောင်မောင် (CTUM – ဥက္ကဌ) ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ…

ရုရှားက အသံထက်မြန်တဲ့ ဒုံးကျည်အသစ်နဲ့ ယူကရိန်းကို တိုက်ခိုက်

ကိဗ်၊ နိုဝင်ဘာ ၂၃ ရုရှားက ယူကရိန်းရဲ့ အချက်အချာကျတဲ့ မြို့ တစ်မြို့ကို အသံထက်ပိုမြန်တဲ့ စမ်းသပ်ဆဲ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် နေတိုးအဖွဲ့နဲ့ယူကရိန်းတို့ဟာ လာမယ့် နိုဝင်ဘာ ၂၆ ရက်မှာ အရေးပေါ် အစည်းအဝေး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရုရှားရဲ့ လက်နက်အသစ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ၃၃ လနီးပါးကြာ စစ်ပွဲအရှိန်ပိုမြင့်လာပြီး အရမ်းအရေးကြီးတဲ့…

သက်ဆင်နဲ့ ဖူထိုင်းပါတီအပေါ် တရားစွဲဆိုမှု ထိုင်းဖွဲ့စည်းပုံတရားရုံး ပယ်ချ

ဘန်ကောက်၊ နိုဝင်ဘာ ၂၃ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာနဲ့ ဖူထိုင်းပါတီတို့အပေါ် တရားစွဲဆိုထားမှုကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက အထောက်အထား မလုံလောက်ဘူးလို့ ဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။ ထိုင်း ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ရဲ့ ဖူထိုင်းပါတီတို့ဟာ ဖွဲ့စည်းပုံဆိုင်ရာ ဘုရင်စနစ်ကို အားလျော့အောင် လုပ်ဆောင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၉ အရ အရေးယူပေးရေး…

လောင်းလုံးမှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

လောင်းလုံး၊ နိုဝင်ဘာ ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်သွားတဲ့ အရပ်သားပြည်သူနှစ်ဦးရဲ့ ရုပ်အလောင်းပြန်လည် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ ထားဝယ်မြို့ပေါ်မှာ လမ်းကင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး တိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားတဲ့အတွက် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ထဲ စစ် ကြောင်းထိုးဝင်ရောက်လာတာပါ။ အင်အား ၁၅၀…

အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားသေဆုံးမှု ၁၀၀ ကျော်အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၃ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်းရှိ…

စစ်ကောင်စီရဲ့ မာထောတပ်စခန်း သိမ်းပိုက်မှု KNU အတည်ပြုထုတ်ပြန်

ဖာပွန်၊ နိုဝင်ဘာ ၂၃ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ မာထောတပ်စခန်းကို အပြီး သတ်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ မာထောတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ အပါအ ဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၈…

စစ်အာဏာသိမ်း (၁၃၉၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၃ AAPP ရဲ့ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၉၁) ရက်အတွင်း ပြည်သူ (၅၉၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၀၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ကုန်ဈေးနှုန်းကျဆင်းရေး စစ်ကောင်စီအစီအစဉ် မအောင်မြင်

မော်လမြိုင် ၊ နိုဝင်ဘာ ၂၃ အဆမတန် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်ကောင်စီဘက်က ပြည်ထောင်စုအဆင့်အပါအဝင် တိုင်းနဲ့ပြည်နယ်အဆင့်တွေမှာ အကောင်အထည် ဖော်ဆောင်ရွက်နေပေမယ့် အ လုပ်မဖြစ်ဘူးလို့ လုပ်ငန်းရှင်တွေနဲ့ အိမ်ရှင်မတွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း နိုင်ငံအတွင်း ကုန်ဈေးနှုန်း ကျဆင်းစေဖို့အတွက်ဆိုပြီး နေပြည်တော်မှာ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေပါ ပါဝင်တဲ့ ပြည်ထောင်စုကုန်ဈေးနှုန်းတည် ငြိမ်ရေးကော်မတီ…

EAO တွေ ထိန်းချုပ်နယ်မြေထဲက နယ်စပ်ဂိတ်တွေ ဆက်ပိတ်ထားမယ်လို့ တရုတ်က စစ်ကောင်စီကို ကတိပေး

မူဆယ် ၊ နိုဝင်ဘာ ၂၃ နှစ်နိုင်ငံနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေ ထိန်းချုပ်နယ်မြေထဲက နယ်စပ်ဂိတ်တွေကို ဆက်လက်ပိတ်သိမ်းထားမယ်လို့ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနရဲ့ အရာရှိတွေက ကတိပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ နယ်စပ်ဂိတ်တွေမှာ လုံခြုံရေးအရ နှစ်နိုင်ငံနယ်စပ်ပြည်သူတွေ ဖြတ်သန်းသွားလာမှုနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်နဲ့အဖွဲ့က…

ဖာပွန်က မထောစခန်းကို စစ်ကောင်စီလက်လွှတ်

ဖာပွန်၊ နိုဝင်ဘာ ၂၃ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထောစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖာပွန်မြို့နဲ့ ၉ မိုင်လောက်ဝေးတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းရင့်စခန်းတစ်ခုဖြစ်တဲ့ ကူးဆိပ်စခန်းကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ပြီးခဲ့တဲ့နိုဝင်ဘာ ၉…