ဝါရှင်တန် နိုဝင်ဘာ ၆

ဒေသစံတော်ချိန် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ၄၇ ဦးမြောက် အမေရိကန်သမ္မတအဖြစ် စီးပွားရေးလုပ်ငန်းရှင် သမ္မတဟောင်း ဒေါ်နယ်ထရန့် ထပ်မံရွေးကောက်ခံခဲ့ရပါတယ်။

သမ္မတအသစ် ဖြစ်လာတော့မယ့်ထရန့်ဟာ ပြီးခဲ့တဲ့တစ်ခေါက် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အမေရိကန်လွှတ်တော်အဆောက်အဦကို ဝင်ရောက်စီးနင်းတဲ့ဖြစ်ရပ်တွေကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူအဖြစ် စွပ်စွဲခံခဲ့ရတာ၊ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံခဲ့ရတာ၊ ၂ ကြိမ်တိုင်တိုင် လုပ်ကြံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် သမိုင်းဝင်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ဝင်ကောင်ဆင်ပြည်နယ်မှာ အနိုင်ရခဲ့ပြီးတဲ့နောက် ထရန့်ဟာ သူ သမ္မတဖြစ်ဖို့အတွက် လိုအပ်တဲ့ ရွေးကောက်ခံမဲ ၂၇၀ ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဖလော်ရီဒါမှာရှိတဲ့ သူ့ရဲ့သမ္မတကမ်ပိန်းဌာနချုပ်မှာ အသက် ၇၉ နှစ်အရွယ် ထရန့်က “အမေရိကန်နိုင်ငံကို နောက်ထပ်ကြီးကျယ် မြင့်မြတ်အောင် ကျနော်တို့ကို ပြုလုပ်ခွင့်ပြုမယ့် အမေရိကန်ပြည်သူတွေရဲ့ ထူးခြားပြောင်မြောက်တဲ့ အောင်ပွဲဖြစ်တယ်” လို့ ရွေးကောက်ပွဲအနိုင်ရမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရလဒ်မထွက်ပေါ်မီမှာကတည်းက သူ့ကို ချီးကျူးဂုဏ်ပြုစကားဆိုခဲ့ကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ယူကရိန်းသမ္မတ ဇီလန်စကီးလည်း ပါဝင်ပြီး ရုရှားနဲ့တိုက်ခိုက်မှုမှာ ငြိမ်းချမ်းရေးရအောင် ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် ထရန့်ကတော့ သူ့ရဲ့ အမျိုးသားရေး “အမေရိကန် ပထမ” မူဝါဒ တစ်စိတ်အပိုင်းအရ ယူကရိန်းအစိုးရကို ထောက်ပံ့ပေးနေတဲ့ အမေရိကန်ရဲ့ အကူအညီတွေကို ဖြတ်တောက်မယ်လို့ ပြောဆိုထားခဲ့ဖူးပါတယ်။

အမေရိကန်ရုပ်သံဌာနတွေကတော့ ပန်ဆယ်ဘေးနီးယား၊ ဂျော်ဂျီယာနဲ့ မြောက်ကာရိုလိုင်းနားလိုမျိုး ရွေးကောက်ပွဲရလဒ်အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ ပြည်နယ်တွေမှာ ထရန့်အနိုင်ရတယ်လို့ ကြေညာခဲ့ကြပါတယ်။

Supporters of former US President and Republican presidential candidate Donald Trump celebrate as Fox News declares him the next President of the United States during an election night event at the West Palm Beach Convention Center in West Palm Beach, Florida, early on November 6, 2024. (Photo by Jim WATSON / AFP)

တစ်ဖက် ယှဉ်ပြိုင်ဖက် လက်ရှိ ဒုသမ္မတ ကမ်မလာဟားရစ်ကတော့ ပထမဆုံး အမေရိကန်အမျိုးသမီသမ္မတအဖြစ် ရွေးကောက်ခံဖို့ စိတ်ကူးခဲ့ကြတဲ့ ထောက်ခံသူတွေနဲ့ ပြုလုပ်မယ့် ပါတီကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

ဒီလိုမျိုး ထရန့်အနိုင်ရလိုက်တာဟာ ဒီမိုကရက်တွေအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး ဆီးနိတ်အထက်လွှတ်တော်မှာ ဒီမိုကရက်တစ်တွေ အသာစီးရနေတာကို ပြောင်းပြန်လှန်လိုက်နိုင်တဲ့ အမတ်နေရာနှစ်ခုရရှိခဲ့ပြီး လွှတ်တော်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.