မော်လမြိုင်၊ နိုဝင်ဘာ ၂

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က KNU လယ်ဒိုမြို့နယ် ကွင်းချောင်းဝဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်က ရွာသာယာကျေးရွာထဲ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ရွာသာယာကျေးရွာနေ အသက်တစ်နှစ်အရွယ် မောင်လင်းခန့်ဖြိုးမြတ် ထိမှန်သေဆုံးခဲ့ပြီး နေအိမ်တစ်လုံးနဲ့ ခရစ်ယာန်ဘုရာရိုခိုးကျောင်း တစ်ကျောင်း ထိမှန်ပျက်စီးခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ကလည်း KNU မုန်းမြို့နယ် နိုကလော်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာနေ စောဘလယ်ကဲ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် KNU အုပ်ချုပ်နယ်မြေမှာ ဒေသခံပြည်သူလူထုတွေဟာ ကြောက်ရွံ့ ထိတ်လန့်နေရပြီး ရွာလုံးကျွတ် တိမ်း ရှောင်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.