လောင်းလုံး၊ နိုဝင်ဘာ ၂
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ် သားတွေဟာ စိတ်မနှံ့တဲ့ အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် မနက် ၉ နာရီအချိန်ခန့်မှာ ထားဝယ်မှ လောင်းလုံးဘက်ကို ဆိုင်ကယ်စီးလာတဲ့ ဒေသခံအမျိုးသားတစ်ဦးကို လဝကရုံး စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီအမျိုးသားဟာ စိတ်မနှံ့သူဖြစ်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ဂိတ်ရှေ့ မှာရှိတဲ့ အတားအဆီးတွေကို ဆင်းဖယ်ရာမှ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကျည်ထိမှန် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့ အမျိုးသားဟာ လောင်းလုံးမြို့နယ် ကဘူကျေးရွာက အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်ခိုင် ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ လောင်းလုံး စရဖရုံးကို PDF တွေက လက် နက်ငယ်နဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ရာမှ သူတို့ဘက်က ပြန်လည်ပစ်ခတ်ရာ PDF တစ်ဦး သေဆုံးခဲ့တယ်လို့ ဝါဒဖြန့်ရေးသားထားပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက လောင်းလုံးမြို့ပေါ်မှာ နှစ်ဖက်ပစ်ခတ်မှုတွေမရှိသလို သေဆုံးခဲ့တဲ့ အမျိုးသားဟာ စိတ်မနှံ့တဲ့ အရပ်သားပြည်သူတစ်ဦးသာ ဖြစ်ပြီး စစ်ကောင်စီက ပစ်သတ်ပြီးနောက် PDF အင်္ကျီဝတ်ဆင်ပေးကာ PDF ရဲဘော်တစ်ဦးဖြစ်တယ်လို့ ဝါဒဖြန့်ရေသားခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေရဲ့ ဖမ်း ဆီးသတ်ဖြတ်တာနဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်တာကြောင့် အရပ်သား ၁၇ ဦး သေဆုံးခဲ့တယ်လို့ သု တေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ