စစ်ကိုင်း၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းမှာ အခုနှစ် ဆယ်လအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ် သား ၄၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီကြောင့် အမျိုးသမီး ၁၆၀ ဦးနဲ့ အမျိုးသား ၂၈၄ ဦး စုစုပေါင်း ၄၄၄ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက် ၁၈ အောက် ကလေးငယ် ၅၀ ဦး ပါဝင်ပြီး စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၂၉ ဦး နဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၁၉ ဦး သေ ဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မြောက်ကျည်ကျေးရွာအတွင်းကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

AAPP ရဲ့ နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ သေ ဆုံးသူ ၆၀၀၀ နီးပါး ရှိလာပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ နှစ်သောင်းကျော် ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.