ထားဝယ်၊ နိုဝင်ဘာ ၂
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ နေအိမ်တွေကို အောက်တိုဘာ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးတာတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က မောင်မယ်ရှောင်ကျေးရွာထဲတပ်စွဲပြီး ကတုတ်ကျင်းတွေတူး ခံစစ်ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မယ်မောင်ရှောင်ကျေးရွာရှိ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးမှု ထပ်မံကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထားတဲ့ မီးခိုအလုံးတွေ အမြင့်ကြီးတက်လာတာကြောင့် အနည်ဆုံးနေအိမ်ငါးလုံးထက်မနည်း မီးလောင်ပျက်စီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မောင်မယ်ရှောင်ကျေးရွာကို ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားပြီး ကျေးရွာအစွန်းတံတားနှစ်ခုကြားမှာ ခံတပ်တည်ဆောက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ သူတို့တိုက်ခိုက်ခံရတိုင်း ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု ကျုးလွန်နေပြီး အခုတစ်ကြိမ်အပါအဝင် ငါးကြိမ်အထိ ရှိလာပြီလို့ ဒေသခံတွေက ပြောကြပါတယ်။
သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းမှု သုံးနှစ်ကျော်အ တွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေ အိမ်ပေါင်း တစ်သိန်းကျော် ပျက်စီးဆုံးရှုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ