မွန်ပြည်နယ်က နေလှန်ဆားလုပ်ငန်းတွေ လုပ်ငန်းပြန်စဖို့ အခက်ကြုံ
မော်လမြိုင် ၊ အောက်တိုဘာ ၂ မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင် အလုပ်သမားရှားပါးမှု ပြဿနာတွေကြောင့် လုပ်ငန်းပြန်စဖို့ အခက်ကြုံနေရတယ်လို့ ဆားတောင် သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နေလှန်ဆားလုပ်ငန်းတွေကို နှစ်စဉ်စက်တင်ဘာနောက်ဆုံးအပတ်မှာ စတင်လုပ်ကိုင်ကြတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဆားကွင်းတွေပြန်စဖို့ အခက်အခဲရှိနေတာပါ။ နေလှန်ဆားလုပ်ငန်းဟာ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း စက်သုံးဆီဈေးနှုန်း ပိုမိုကြီးမြင့်လာတာ၊ အလုပ်သမားခေါ်ယူလို့မရတာ၊ ဆားဈေးနှုန်းကျဆင်းနေတာ၊ မိုးရွာသွန်းမှုတွေကြောင့် လုပ်ငန်း…