မန္တလေး ၊ အောက်တိုဘာ ၂၉
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အချုပ်ဆောင် လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် စစ် သုံ့ပန်းတွေအပါအဝင် ၁၂ ဦး သေဆုံးပြီး ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး PDF က ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၆ နာရီခွဲချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ မန္တလေး PDF က စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းတွေနဲ့ အခြားစစ် သုံ့ပန်းတွေထားရှိရာ အဆောက်အအုံတွေထိမှန်ခဲ့ပြီး စစ်သုံ့ပန်းရှစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆ဦး ဝန်းကျင်ရှိခဲ့တာပါ။
မန္တလေး PDF အနေနဲ့ စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့ပေမယ့် စစ်ကောင်စီဟာ သူတို့တပ်ဖွဲ့ဝင်ဟောင်းတွေကို ပစ် မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆေးကုသမှုတွေ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
မန္တလေး PDF အချုပ်ဆောင် ဗုံးကြဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MDY PDF