တီဟီရန်၊ အောက်တိုဘာ ၂၈

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အီရန် စစ်သား လေးဦး သေဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ အင်အားကုန် ထုတ်သုံးတဲ့ စစ်ပွဲကြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုများလာချိန်မှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်သွားမယ်လို့ အီရန်က သတိပေးကြွေးကြော်လိုက်ပါတယ်။

မိမိတို့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့မယ်ဆိုရင် အီရန်အနေနဲ့ တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ထားပြီး အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီတို့က အီရန်အနေနဲ့ နောက်ထပ် ပဋိပက္ခအရှိန် မြင့်တက်အောင် မလုပ်ဖို့ သတိပေးထားပါတယ်။

အရုဏ်မတက်မီ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေက လွဲလို့ တခြား တစ်ခုမှ မထိခိုက်ခဲ့တဲ့ အတွက် ဒီပဋိပက္ခ ဒီမှာတင် အဆုံးသတ်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ပြောကြားထားပါတယ်။

အစ္စရေးအနေနဲ့ လက်တုံ့ပြန် တိုက်ခိုက်ရာမှာ နျူကလီးယားနဲ့ ရေနံ စက်ရုံတွေကို ရှောင်ရှားဖို့ သမ္မတ ဘိုင်ဒန်က သတိပေးခဲ့ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း နျူကလီယား တည်နေရာ တစ်ခုမှ မထိခိုက်ခဲ့ဘူးလို့ နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ IAEA က ဆိုပါတယ်။

ထိန်းမနိုင်သိမ်းမရ အရှိန်မြင့်တက်လာမယ့် အခြေအနေကို ရှောင်ရှားဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအနေနဲ့ အဆုံးစွန် ထိန်းထိန်းသိမ်းသိမ် ပြုမူကြဖို့ အီးယူကလည်း တိုက်တွန်းထားပါတယ်။

This photo shows a page on the Flightradar24 website, taken in Nicosia early on October 26, 2024, displaying commercial flights around Iran’s airspace. – Iran suspended on October 26 all flights until further notice, the aviation authority announced, after Israel announced it was conducting strikes in the country. Israel announced the launch of “precise strikes” on military targets in Iran, in retaliation for attacks against it, as Iranian state media reported several explosions around the capital. (Photo by AFP) / “The erroneous mention[s] appearing in the metadata of this photo by – has been modified in AFP systems in the following manner: [October 26] instead of [October 24]. Please immediately remove the erroneous mention[s] from all your online services and delete it (them) from your servers. If you have been authorized by AFP to distribute it (them) to third parties, please ensure that the same actions are carried out by them. Failure to promptly comply with these instructions will entail liability on your part for any continued or post notification usage. Therefore we thank you very much for all your attention and prompt action. We are sorry for the inconvenience this notification may cause and remain at your disposal for any further information you may require.”

အီရန်ရဲ့ အိမ်နီးချင်းတွေ အပါအဝင် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ဒေသတွင်း နိုင်ငံတွေက ပြစ်တင် ရှုတ်ချခဲ့ကြပြီး ရုရှားလို နိုင်ငံတချို့ကတော့ ဆိုးရွားတဲ့ စစ်ပွဲကို ရှောင်ရှားရေး ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ တိုက်တွန်းထားပါတယ်။

အီရန်က သူတို့ကို သူတို့ ကာကွယ်ပိုင်ခွင့်နဲ့ ကာကွယ်ရမယ့် တာဝန် ရှိတယ်လို့ ပြောထားပြီး လက်ဘနွန်ရှိ သူတို့ မဟာမိတ် ဟစ်ဇဘိုလာ အဖွဲ့က အစ္စရေးရှိ လူနေရပ်ကွက်တွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင် ထားပြီ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

နှစ်နိုင်ငံ နယ်စပ်အနီး နေထိုင်သူတွေ ဘေးကင်းရာ ပြောင်းရွှေ့ကြဖို့ ဟစ်ဇဘိုလာကရော အစ္စရေးကပါ တိုက်တွန်းထားပါတယ်။

အစ္စရေးက မြို့တော် တီဟီရန်နဲ့ အနီးအနား အခြား ပြည်နယ်တွေမှာ ရှိတဲ့ စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး အပျက်အစီး နည်းပေမယ့် စစ်သား လေးဦး သေဆုံးခဲ့တယ်လို့ အီရန်က အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ အီရန်ရဲ့ ဒုံးကျည် အစင်းပေါင်း ၂၀၀ လောက်တိုက်ခိုက်တာခံခဲ့ရတဲ့ အစ္စရေးက အခုလိုမျိုး လေကြောင်းတိုက်ခိုက်မှုနဲ့ အီရန်ကို လက်စားပြန်ချေတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.