ပုလော၊ အောက်တိုဘာ ၂၉
တနင်္သာရီတိုင်း ပုလောမြို့နယ် ကြဲကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရှောင်နေအိမ်တွေကို ဖောက်ထွင်ပြီး တန်ဖိုးပစ္စည်းတွေကို ကားကြီး၊ ကားငယ်နဲ့ လာရောက်သယ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ ပုလောမြို့ နယ် ကြဲကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့တွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲတွေကြောင့် ကြဲရွာ၊ တပိုရွာ၊ ဇရပ်ဆိပ်၊ မိန်းမမြို့၊ မင်းပြင်နဲ့ ဘိုင်းပြင်ကျေးရွာတို့ ဒေ သခံ ၄၀၀၀ ဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ နေရာတွေထံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒေသခံတွေ တိမ်းရှောင်သွားတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဟာ ဝင်ရောက်ဖောက်ထွင်းပြီး နေအိမ်အတွင်းရှိ တန်းဖိုရှိပစ္စည်းတွေ၊ ပရိဘောဂတွေအပါအဝင် စားသောက်ကုန်ကအစ ခိုးယူ သွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ စစ်ရှောင်နေအိမ်တွေကို နေ့စဉ်နဲ့အမျှ ဝင်ရောက်ဖောက်ထွင်းနေပြီး ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်က ဆိုင်ကယ်အစီး ၃၀ ကျော်ကိုလည်း ကားတွေနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ပုလောတိုက်ပွဲတွေဟာ အောက်တိုဘာ ၂၈ ရက်နေ့အထိ ကြဲရွာဘက်မှာ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေလည်း လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးပါဘူး။
ဒီတိုက်ပွဲတွေကြောင့် ပုလော-မြိတ်ကားလမ်းပေါ်မှာ ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေပြီး ခရီး သွားပြည်သူတွေကလည်း ရေလမ်းကြောင်းကိုသာ အဓိက အသုံးပြုနေရပါတယ်။
ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးရသူ ၆၀,၀၀၀ နီးပါး ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ