October 28, 2024

ပုလောမှာ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်တောက်

ပုလော၊ အောက်တိုဘာ ၂၈ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့မှာ စပါးရိတ်ဖို့သွားတဲ့ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် ခြေထောက်တစ်ဖက် ပြတ်တောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ စပါးရိတ်ဖို့သွားတဲ့ ဒေသခံအမျိုးသားတစ်ဦးဟာ ပလမြို့မှ လိပ်ကူဘက်ကို သွားတဲ့ လမ်းပိုင်းတစ်နေရာမှာ မြေမြှုပ်မိုင်း နင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့်…

အစ္စရေး တိုက်ခိုက်မှုအတွက် ကိုယ့်ကိုယ်ကို ခုခံကာကွယ်သွားမယ်လို့ အီရန် သတိပေး

တီဟီရန်၊ အောက်တိုဘာ ၂၈ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အီရန် စစ်သား လေးဦး သေဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ အင်အားကုန် ထုတ်သုံးတဲ့ စစ်ပွဲကြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုများလာချိန်မှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်သွားမယ်လို့ အီရန်က သတိပေးကြွေးကြော်လိုက်ပါတယ်။ မိမိတို့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့မယ်ဆိုရင် အီရန်အနေနဲ့ တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ထားပြီး အမေရိကန်၊…

မဲမသမာမှု စွပ်စွဲချက် ဂျော်ဂျီယာ ဝန်ကြီးချုပ် ပယ်ချ

တဘီလီစီ၊ အောက်တိုဘာ ၂၈ ဂျော်ဂျီယာနိုင်ငံမှာ သောင်ပြိုကမ်းပြို အနိုင်ရတဲ့ ရွေးကောက်ပွဲ ရလဒ်ကို ကြိုဆိုပြီး မဲမသာမှုတွေ၊ အကြမ်းဖက်မှုတွေ ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ဝန်ကြီးချုပ်က ပယ်ချလိုက်ပါတယ်။ မူမမှန်တာတွေက နေရာတိုင်းမှာ ဖြစ်တတ်ပါတယ်လို့ ဂျော်ဂျီယာ အိပ်မက်ပါတီ ဝန်ကြီးချုပ် အီရာကလီ ကိုဘက်ဟီဒစီက ပြောကြားခဲ့ပါတယ်။ ဂျော်ဂျီယာ ရွေးကောက်ပွဲကော်မရှင်ကနေ ကနဦး ထွက်ပေါ်လာတဲ့ တရားဝင် ရလဒ်တွေအရ…

ကြာအင်းဆိပ်ကြီးမှာ ဗုံးကြဲခံရလို့ အရပ်သား တစ်ဦး သေဆုံး

ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၂၈ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပနော်ကလဲခီးကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်မှာ နေပြည်တော်လေတပ်က Yak-130 အမျိုးအစား တိုက်လေယာဉ်ဟာ တိုက်ပွဲမရှိဘဲ…