October 27, 2024

စစ်ရာဇဝတ်မှုတွေမှာ ရင်နှီးမြုပ်နှံနေမှု အဆုံးသတ်ရေး ခေါင်းစဥ်နဲ့ လက်ပံတောင်းတောင်သပိတ်အင်အားစု လှုပ်ရှားမှုပြုလုပ် (သတင်းဓာတ်ပုံ)

မုံရွာ အောက်တိုဘာ ၂၇ စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်ပြီး ရပ်ရွာ လူနေအိမ်တွေနဲ့ မြို့ပြတွေပေါ်အထိ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်နေမှုတွေကို ရပ်တန့်ပေးဖို့ “Airbus: End investment in AVIC” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲရဲ့ တောင်းဆို လှုပ်ရှားမှုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ…

ရွှေဈေးထိန်းချုပ်ဖို့ စစ်ကောင်စီ ကော်မတီဖွဲ့

နေပြည်တော် ၊ အောက်တိုဘာ ၂၇ အာဏာသိမ်းမှုကြောင့် မတည်မငြိမ်နဲ့ အတက်ကြမ်းနေတဲ့ ပြည်တွင်းရွှေဈေးနှုန်း ထိန်းချုပ်ဖို့အ တွက် ရွှေရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့ ရက်စွဲနဲ့ဖွဲ့စည်းခဲ့တဲ့ အဲဒီကော်မတီဟာ နိုင်ငံအတွင်းရွှေဈေးနှုန်း တည် ငြိမ်မှန်ကန်စေဖို့နဲ့ နေ့စဉ်ရွှေရည်ညွှန်းဈေးတွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်း ကမ်းတွေနဲ့အညီ သတ်မှတ်နိုင်ဖို့…

စစ်ကောင်စီအရှိုက်ကို ထိုးနှက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်

နေပြည်‌တော် ၊ အောက်တိုဘာ ၂၇ စစ်ကောင်စီလက်ထက်မှာ မြန်မာစစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပေးလိုက်တဲ့ ညီနောင်မ ဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ လူထုထောက်ခံမှုနဲ့အတူ အောက်တိုဘာ ၂၇ ရက်နေ့မှာ တစ်နှစ်တာခရီးကို ဖြတ်သန်းရောက်ရှိလာခဲ့ပါပြီ။ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်ကို သိမ်းပိုက်နိုင်တာကလည်း စစ်ကောင်စီအရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့အောင်ပွဲလို့ စစ်ရေးအကဲခတ်တွေက ဆိုကြပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊…