နေပြည်တော်၊ အောက်တိုဘာ ၂၅

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၅ ရက်နေ့က တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဝါဒ ဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းကို ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင် တန်းကာလ ၂ လနဲ့ ရက်ပေါင်း ၂၀ မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာပါ။

သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာ သာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်တွေကို စာတွေ့၊ လက်တွေ့ သင်ကြားခဲ့ပြီး စစ်မြေပြင်အင်ဂျင်နီ ယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေးဘာသာရပ်တွေနဲ့ အထွေထွေဘာသာရပ်တွေကိုလည်း ရက်သတ္တပတ်အလိုက် လေ့ကျင့်သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းပြီးမြောက်သွားတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ရမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၄ တက်ရောက်ခဲ့တဲ့ သင်တန်းသားတွေဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံ ရေးတာဝန်တွေကို ထမ်းဆောင်ဖို့ စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြတဲ့ လူငယ်တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းခေါ်မရတာကြောင့် စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်လူရွယ်တွေကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာ၊ ငွေပေးစည်းရုံးပြီး စစ်သားစု ဆောင်းမှုတွေ လုပ်ဆောင်နေတာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဉ် ၆ သင်တန်းကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ထပ်မံဖွင့်လှစ်လိုက်ပြီး လာမယ့်စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူသစ်စုဆောင်းမှုတွေ လုပ် ဆောင်နေပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ တပ်အင်အားပြုန်း တီးမှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ် ၅ အထိ လူပေါင်း ၂၁၀၀၀ ထက်မနည်း စစ်သားစုဆောင်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.