October 26, 2024

သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်နေအိမ် ချိပ်ပိတ်ခံရ

မော်လမြိုင်၊ အောက်တိုဘာ ၂၆ မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ရှိ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဦးကိုကိုဇော်ရဲ့ နေအိမ်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုထံကနေ သိရပါတယ်။ စစ်ကောင်စီက အယ်ဒီတာချုပ် ဦးကိုကိုဇော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်မှာ နေအိမ်ကိုလာရောက်ချိပ်ပိတ်သွားတာပါ။ “စကစအနေနဲ့ ပြည်သူတွေအပေါ် အာဃာတအညှိုးတကြီးနဲ့ ဆက်ဆံနေတယ်ဆိုတာ…