ရွှေကျင်၊ အောက်တိုဘာ ၂၆
ပဲခူးတိုင်းရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ် ၄၄၀ ခြေမြန် တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ကွင်းဆိပ်ကျေးရွာထဲ ၈၁ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်အရွယ် မဆန်ရတီမေ၊ အသက် ၁၀ နှစ်အရွယ် မောင်သီဟထိုက်ပိုင်၊ အသက် ၃၃ နှစ်အရွယ် ဦးချစ်ကိုဝိုင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ကွင်းဆိပ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် စစ်ကောင် စီဘက်က သတိပေးပြီးနောက် လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။
စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူလူထုတွေဟာ အောက် တိုဘာ ၅ ရက်နေ့ကစပြီး ကျေးရွာထဲကနေ ပြောင်းရွှေ့သွားတာတွေရှိနေပြီး မပြောင်းရွှေ့နိုင်တဲ့ ဒေ သခံပြည်သူတချို့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ရှိလာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU