ကျိုက်ထို၊ အောက်တိုဘာ ၂၆

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ဗိုလ်လင်မ ယားနှစ်ဦးကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ KNU သထုံခရိုင်အ တွင်းရေးမှူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုအခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က စစ်ဗိုလ်လင်မယား နှစ်ဦးဟာ ပြီးခဲ့တဲ့ အောက် တိုဘာ ၁၂ ရက်နေ့က သုံးခွကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဂိတ်ကို လမ်းမှားဝင်သွားတဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်ဗိုလ်လင်မယားနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဲဒီစစ်ဗိုလ်လင်မယား နှစ်ဦးဟာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းရေးစခန်းမှာ အကျယ်ချုပ်သဘောမျိုး ထားရှိပေးထားတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။

ဖမ်းဆီးခံ စစ်ဗိုလ်လင်မယားဟာ အမှတ် ၃၁၀ အမြောက်တပ်က ဗိုလ်ဟိန်းဇေယျာဦးနဲ့ ဇနီးဖြစ်သူတို့ ဖြစ်ပြီး သူတို့နှစ်ဦးအား ဖမ်းဆီးရမိစဉ် သေနတ်တစ်လက်နဲ့ ကားတစ်စီးသိမ်းဆည်းရမိခဲ့ပါတယ်။

အာဏာသိမ်းကာလအတွင်း KNU သထုံခရိုင်ထံ အလင်းဝင်လာသူနဲ့ ထွက်ပြေးခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂၀၀ ထက်မနည်းရှိနေပြီး သူတို့ကို သူတို့စိတ်ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.