အမှန်/အမှား

+++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ PDF ၁၃ ဦးအား ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တယ်”ဆိုပြီး ဓာတ်ပုံတစ်ပုံနဲ့ စစ်တပ်လော်ဘီတွေက လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၂၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ဖုဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံကနေ ဝင်လာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ မြန်မာသတင်းဌာနတွေမှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ဖော်ပြထားပါတယ်။

ဖုပ်ဖရမြို့နယ်ထဲမှာ အောက်တိုဘာ ၂၂ ရက် ညက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၁၃ ဦးကို လမ်းပြထိုင်း ၂ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ AEC အာဆီယံထိုင်းသတင်းကို ကိုးကားပြီး DVB သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းစစ်တပ်နဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖုဖရမြို့နယ်ထဲက ကျေးရွာတစ်ခုမှာ ကင်းလှည့်နေချိန် တိုယိုတာကားနှစ်စီးကို မသင်္ကာလို့စစ်ဆေးရာကနေ လမ်းပြခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံ သားနှစ်ဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့ကားတွေဆီကို စစ်ဆေးချိန် အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၃ ဦးကို ထပ်မံဖမ်းမိခဲ့တာ ဖြစ်တယ်လို့ RFAသတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် လော်ဘီတွေ ဖြန့်ချီနေတဲ့ ထိုင်းနိုင်ငံမှာ PDF တွေကို ဖမ်းဆီးရမိတာနဲ့ အကြမ်း ဖက်အထောက်အထားတွေ တွေ့ရှိရတယ်လို့ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ဓာတ်ပုံဟာ ဆက်စပ်မှန်ကန်မှုမရှိဘဲ ထိုင်းသတင်းဌာနတွေနဲ့ မြန်မာသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်း ဓာတ်ပုံကိုသုံးကာ လိုရာစွဲရေးသားထားတာကို စိစစ်တွေ့ရှိရပါတယ်။

RFA သတင်းဌာနက ဖော်ပြထားတဲ့လင့်

DVB သတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/share/p/EsSjccT4n2HJnXwt

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.