ဘုတလင် ၊ အောက်တိုဘာ ၂၄

အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစုအပြုံလိုက် သတ် ဖြတ်ခံရတဲ့ ဖြစ်စဉ် ၆၅ ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား ၁,၃၀၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ သုတေသနအဖွဲ့ISP Myanmar က အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လူ ၁၀ ဦးနဲ့အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွေထဲက ၉၂ ရာခိုင်နှုန်းကို ပျူစောထီးအပါအ ဝင် စစ်ကောင်စီတပ်တွေနဲ့ သစ္စာခံတပ်တွေက ကျုးလွန်ခဲ့ကြတာပါ။ ဖြစ်စဉ်အနေနဲ့ ၆၀ ခုထက်မ နည်းရှိခဲ့ပြီး အရပ် သား ၁,၂၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီအပေါင်းအပါတွေ ကျူးလွန်ခဲ့ကြတဲ့ အစုအပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်အား လုံးထဲမှာ အများစုဖြစ်တဲ့ ၅၂ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ကနေ ၁၇ ရက်နေ့အတွင်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီရဲ့ တပ်မ ၃၃ လက်အောက်ခံတပ်တွေ စစ်ကြောင်းထိုးဝင်ချိန်မှာ အရပ် သား ၂၀ ဦးထက်မနည်း အသတ်ခံခဲ့ရပါတယ်။ ဒီထဲမှာစီပါကျေးရွာက အရပ်သားခြောက်ဦးကိုတော့ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်နေတဲ့ အနေအထားနဲ့ ဒေသခံတွေက ပြန်တွေ့ခဲ့ကြတာပါ။

အဲဒီလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၂၃ ခုထက်မနည်းကို စစ်ကောင်စီတပ်တွေက ကျူးလွန်ထားပြီး အဲဒီဖြစ်စဉ်တွေမှာ အရပ်သား ၄၃၈ ဦးထက်မနည်း သေ ဆုံးခဲ့ရတယ်လို့ ISP Myanmar က ဆိုပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီတပ်မဟုတ်တဲ့ အခြားလက်နက်ကိုင်တပ်တွေက ကျူးလွန်တဲ့ အစုအပြုံ လိုက် သတ်ဖြတ်မှုတွေလည်းရှိခဲ့ပြီး အဆိုးဆုံးတခုကတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာနောက်ဆုံးပတ်အတွင်းဖြစ်ခဲ့တဲ့ တမူးမြို့နယ်အတွင်းက သနန်ရွာဖြစ်စဉ်ပါ။ သနန်ရွာက ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

အဲဒီလို စစ်ကောင်စီတပ်မဟုတ်တဲ့ အခြားလက်နက်ကိုင်တပ်တွေရဲ့ အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုပေါင်း ငါးခုထက်မနည်းရှိခဲ့ပြီး အရပ်သား ၉၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ISP Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.