သထုံ၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ် သထုံမြို့နယ် အင်းကွဲကျေးရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်နှစ်ဦးကို စစ်ကောင်စီတပ် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က အင်းကွဲကျေးရွာနေ NLD ရပ်ကျေးပါတီဝင်နှစ်ဦးဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် စောတာတီးနဲ့စောချစ်တို့ကို နေအိမ်မှာလာရောက်ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးထားတဲ့ NLD ပါတီဝင်တွေကို သုဓမ္မဝတီနယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးမေး မြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ဖမ်းဆီးခံ NLD ပါတီဝင်နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ထောက်ပို့ လုပ်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း အင်းကွဲကျေးရွာနေ လူငယ်နှစ်ဦးကို စစ်ကောင်စီက PDF စွပ်စွဲချက်နဲ့ သထုံ-ဘားအံလမ်းပေါ်မှာ ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာတွေအရ အာဏာ သိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် လူပေါင်း ၂၇၀၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

ပုံစာ – ၂၀၂၀ ရွေးကောက်ပွဲကာလ သထုံမြို့နယ် NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင်တွေအား မြင်ရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.