အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ကျောက်တော်မြို့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရက္ခိုင့်တပ်တော် AA တပ် ဖွဲ့ဝင်တွေ အများအပြား ထိခိုက်သေဆုံးခဲ့တယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက လုပ်ကြံဝါဒ ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၁၂ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့မဈေးနဲ့ အထက(၂) စာသင်ကျောင်းအနီးရှိ လူနေ အိမ်တွေကို စစ်ကောင်စီလေတပ်က အောက်တိုဘာ ၁၀ ရက်မှာ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့လို့ ဒေသခံအရပ်သား၄ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ နိရဉ္စရာမှာတော့ လူနေအိမ်တွေအပေါ် စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့တဲ့ရသူတွေဟာ ကျောက်တော်မြို့ ပြိုင်စံရှား အမူန့်ကြိတ်စက်ပိုင်ရှင် အသက် ၄၃ နှစ်အရွယ် ဦးအေးကျော်၊ ပိုက်သည်ရပ်ကွက်မှ အ သက် ၅၃ နှစ်အရွယ် ဦးကျော်သိန်းလှ၊ ရွာမရပ် ကွက်မှ အသက် ၄၅ နှစ်အရွယ် မောင်ထွန်းနိုင်နဲ့ အပေါက်ဝရွာမှ အသက် ၁၈ နှစ်အရွယ် မသန္တာအေးတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် စစ်ရာဇဝတ်မှုကို ထမင်းစားရေသောက်အဆင့်ထိ ချိုးဖောက်နေတာကြာပြီဖြစ်တယ်လို့လည်း RFAသ တင်းဌာနမှာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖော်ပြထားပါတယ်။

နိရဉ္စရာသတင်းဌာနကဖော်ပြထားတဲ့ လင့်

https://burmese.narinjara.com/news/detail/6708992c2b485b6964a08cee?fbclid=IwY2xjawF5xrtleHRuA2FlbQIxMAABHfCv0v07iwDiNQjJBRiEFZMGy7CoqS4Nc8-IhIxhBvpj_hl2cTZsIfqTrg_aem_Ep-Wu9sFvXKNAQ8VH2HNuw

RFA သတင်းဌာနက ဖော်ပြထားတဲ့ လင့်

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.