ရေး၊ အောက်တိုဘာလ ၁၂

ရေးမြို့နယ် ချောင်းတောင်ကျေးရွာနဲ့ အောင်မေတ္တာရပ်ကွက်တွေမှာ နေထိုင်တဲ့ လူငယ်အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့မှာ ချောင်းတောင်ကျေးရွာနေ မောင်ပုံပုံချစ်ဆိုတဲ့ လူငယ်ကို စစ်ကောင်စီအဖွဲ့က နေအိမ်မှာဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၉ ရက်နေ့မှာတော့ ကျေးရွာအတွင်းက အသက် ၂၀ ဝန်းကျင် လူငယ် ၁ ဦးနဲ့ အမျိုးသမီးငယ် ၁ ဦးကိုစစ်ကောင် စီအဖွဲ့က ထပ်မံဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာလည်း ရေးမြို့ အောင်မေတ္တာရပ်ကွက်နေ အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦးကို နေအိမ်ကနေ စစ်ကောင်စီအဖွဲ့ လာရောက် ဖမ်းဆီးသွားပါတယ်။

အရင်ဆုံးအဖမ်းခံရတဲ့ ချောင်းတောင်ကျေးရွာက လူငယ်အမျိုးသားကို စစ်ဆေးရာကနေ ပေါ် ပေါက်လာတဲ့ အမှုနောက်ဆက်တွဲနဲ့ နောက်ထပ်လူငယ်တွေ ဆက်တိုက်အဖမ်းခံနေရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ PDF တွေဆီ သတင်းပေးဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီလူငယ်တွေကို ဖမ်းဆီးခဲ့တာလို့ သိရပြီး လက်ရှိမှာတော့ ရေးကစစ်ကြောရေးထဲမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကတော့အဆက်အသွယ်မရသေးဘဲ မိသားစုဝင်တွေကလည်း အဲဒီလူငယ်တွေကို ဘယ်မှာဖမ်းထားတယ်ဆိုတာသိရဖို့ လိုက်လံစုံစမ်းနေကြပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့တုန်းကလည်း ရေးမြို့ ရန်ကြီးအောင်၊ ရန်မျိုးအောင်နဲ့အောင်မေတ္တာရပ် ကွက်တွေက အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၂ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့ပါသေးတယ်။

လဂွန်းအိမ်စာစဉ်ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မွန်ပြည်နယ်တဝန်းမှာ ဖမ်း ဆီးခံရသူ ၄၈ ဦး အထိရှိနေပြီး အမျိုးသား ၄၅ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ စစ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့အောက်တိုဘာ ၈ ရက်နေ့အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၁,၀၅၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၅၁ ဦးနဲ့ သတ်ဖြတ်ခံရသူ ၂၀၆ ဦးကျော်ရှိတယ်လို လဂွန်းအိမ်စာစဉ်ရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.