အမှန်/အမှား

++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာ ဒေသခံတွေရဲ့နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုယက်ခိုးယူမှုဟာ သတင်းအမှားပါ”ဆိုပြီး စစ်တပ်ဘက်က လုပ်ကြံဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၇ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ တနင်္သာရီတိုင်း ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာမှ ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်က ရွာမှနှင်ထုတ်ပြီး ဒေသခံတွေပိုင်ဆိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေအား ယာဉ်ကြီး၊ ယာဉ်ငယ်တွေနဲ့ ခိုးယူလျက်ရှိတယ်လို့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ပုလောအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၈၅ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်တွေဟာ အောက်တို ဘာ ၄ ရက်နေ့က အဖွဲ့သုံးဖွဲ့ခွဲ့ကာ တောင်ယာကမ်းကျေးရွာထဲ ဝင်ရောက်လာပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ရွှေ၊ ငွေ၊ လက်ဝတ်လက်စားနဲ့ ဆိုင်ကယ်တွေခိုးယူရာမှာ သူတို့ရဲ့ ဇနီးမယားတွေလည်း ပစ္စည်းတွေ ခိုးယူရာမှာ ပါဝင်ခဲ့တယ်လို့ People’s Spring သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တောင်ယာကမ်းရွာထဲကို စစ်ကောင်စီစစ်ကြောင်းဝင်လာတာပြီး အိမ်တွေကို မွှေနှောက်ဖျက်ဆီးကာ ဆိုင်ကယ် ၂၅ စီး၊ ရွှေနဲ့ ငွေတွေကို အဓိကခိုးယူပြီး တွေ့သမျှလူတိုင်းကိုလည်း ဖမ်းဆီးခဲ့တဲ့အတွက် ပြေးချိန်မရလိုက်တဲ့ ဒေသခံအမျိုးသား၊ အမျိုးသမီးနဲ့ ကလးငယ် ၂၀ နီးပါး အဖမ်းခံခဲ့ရတာလို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်သတင်းဌာနကို ပြောထားပါတယ်။

People’s Springသတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=868677255331068&id=100065664033865&rdid=UulwuqcNye6YmIeJ

တနင်္သာရီတိုင်းမ်သတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=557052746712479&id=100072232759534&rdid=kwxicH8HqPfdI2bS

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.