October 9, 2024

စစ်အာဏာသိမ်း (၁၃၄၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၉၅) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၀ AAPP ရဲ့ အောက်တိုဘာ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင် ငံ တဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၄၇) ရက်အတွင်း ပြည်သူ (၅၇၉၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၂၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့…

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှု မွန်ပြည်နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်

မော်လမြိုင် ၊ အောက်တိုဘာ ၁၀ မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့် ပြည်နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်တဲ့အတွက် တိကျမှန်ကန်တဲ့ အချက်အလက်ရရှိမှာ မ ဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး မွန်ပြည်နယ်မှာလည်း ပြည်လုံးကျွတ် သန်းခေါင် စာရင်းကို သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်…

လုံခြုံရေးတာဝန်တွေမှာ ပြည်သူတွေပူးပေါင်းပေးဖို့ စစ်ခေါင်းဆောင်တိုက်တွန်း

ရန်ကုန် ၊ အောက်တိုဘာ ၁၀ ပြည်သူတွေက လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပေးမယ်ဆိုရင် လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုတွေ လျော့နည်းသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာ ၈ ရက်နေ့က ရန်ကုန်တိုင်းမှာ ပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီး လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအစည်းဝေး တက်ရောက်ချိန်မှာ စစ်ခေါင်းဆောင်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ ပြီးပြည့်စုံတဲ့ လုံခြုံရေးမရှိဘဲ လူထုပါဝင်တဲ့…

တနင်္သာရီမှာ စစ်တပ်ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီ၊ အောက်တိုဘာ ၁၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင် အားစုတွေထံက သိရပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဟာ ဘန်လောကျေးရွာ အုပ်စုက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ အကြောင်းမဲ့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း…

မွန်ပြည်နယ်မှာ တစ်လအတွင်း အရပ်သား ၁၇ ဦး သတ်ဖြတ်ခံရ

မော်လမြိုင်၊ အောက်တိုဘာ ၁၀ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း အရပ်သား ၁၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အောက်တိုဘာ ၉ ရက်နေ့ထုတ် လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အ စီရင်ခံစာအရ ထိခိုက်သေဆုံးသူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာ၊ မြေမြှုပ်မိုင်းနင်းခံရတာ၊…

ဂါဇာလို ဖျက်ဆီးခံရလိမ့်မယ်လို့ လက်ဘနွန်ကို အစ္စရေး သတိပေး

တဲလ်အဗစ်၊ အောက်တိုဘာ ၉ ဂါဇာမှာ မြင်တွေ့ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ခံစားရမှုမျိုးကို ရှောင်ရှားရေး ဟစ်ဇဘိုလာအဖွဲ့ကို မောင်းထုတ်ပစ်ကြဖို့ လက်ဘနွန် ပြည်သူတွေကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တိုက်ရိုက် ပန်ကြားလိုက်ပါတယ်။ လက်ဘနွန် အနောက်တောင်ပိုင်းရှိ ဒေသသစ် တစ်ခုသို့ အစ္စရေးက တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ထပ်မံ စေလွှတ်လိုက်ပြီး မြေပြင်ထိုးစစ်ဆင်မှု တိုးမြှင့်လိုက်ပြီးနောက် အောက်တိုဘာ ၈…

မြန်မာ့အရေး ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အာဆီယံဆွေးနွေးပွဲ တက်မယ်

ဗီယင်ကျန်း၊ အောက်တိုဘာ ၉ လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီး ညီလာခံမှာ တောင်တရုတ်ပင်လယ်တွင်း တင်းမာမှု မြင့်တက်လာတဲ့ အခြေအနေ၊ ပိုမိုပြင်းထန်လာနေတဲ့ မြန်မာ့ပြည်တွင်းစစ်တို့နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က အာဆီယံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခုသီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံညီလာခံသို့ ဝန်ကြီး ဘလင်ကန်…

ရွှေဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုနဲ့တွေ့ခွင့် ပိတ်ပင်ခံရ

ရွှေဘို၊ အောက်တိုဘာ ၉ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်မှာ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ဝန်းကျင်ဟာ မိသားစုဝင်တွေနဲ့ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ နိုင်ငံတဝန်းရှိ အကျဉ်ထောင်တွေမှာ စစ်ကောင်စီက ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး ခွင့်ပြုပေးခဲ့ပေမယ့် ရွှေဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဇွန်လကစပြီး…

စစ်အာဏာသိမ်း (၁၃၄၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၉ AAPP ရဲ့ အောက်တိုဘာ ၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင် ငံ တဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၄၆) ရက်အတွင်း ပြည်သူ (၅၇၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၂၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့…

မွန်ပြည်သစ်ပါတီရဲ့ တပ်ရင်းတစ်ရင်းလုံး မွန်ပြည်သစ် AD နဲ့ ပူးပေါင်းမှု

ဘုရားသုံးဆူ ၊ စက်တင်ဘာ ၉ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ် မတော်၊ တပ်ရင်း ၅ တစ်ရင်းလုံး မိမိတို့နဲ့ ပူပေါင်းလိုက်တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရသူက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ အောက်တိုဘာ ၆ ရက်နေ့က တပ်ရင်း ၅ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နိုင်ဗွတ်မွန်ဦးဆောင်ပြီး တပ်ဖွဲ့ဝင်တွေ…