မုံရွာ၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ CDM နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက Non CDM ပြုလုပ်ဖို့အတွက် ဖိအားပေးခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

မုံရွာထောင်အာဏာပိုင်တွေက တာဝန်မှူးရုံးခန်းကို ခေါ်ပြီး သူတို့ကိုယ်တိုင် ရေးသားထားတဲ့ “CDM အမည်စာရင်းမှ ပယ်ဖျက်ခွင့်ပေးရန်စတဲ့ အချက်တွေပါတဲ့ အသနားခံစာ”မှာ CDM နိုင်ငံ ရေးအကျဉ်းသားတွေကို စက်တင်ဘာလ ဒုတိယအပတ်ကစပြီး လက်မှတ်ထိုးခိုင်းနေတာပါ။

လက်မှတ်ထိုးခြင်းမရှိတဲ့ CDM နိုင်ငံရေးအကျဉ်းသားတွေကိုလည်း တာဝန်းမှူးရုံးကို ခေါ်ပြီး အ သနားခံစာ တင်ပြလိုခြင်းမရှိကြောင်း ရေသားထားတဲ့စာမှာ ထောင်မှူးဦးကျော်ဝင်းမှ လက်မှတ်ထိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက စစ်ကောင်စီရဲ့ယန္တာရားမှာ အဓိကလိုအပ်နေတဲ့ စစ်တပ်၊ရဲနဲ့ အကျဉ်းဦးစီးဝန်းထမ်းတွေကို CDM မှ ပယ်ဖျက်ပေးဖို့ မိသားစုနဲ့ ခြိမ်းခြောက်ပြီး အသနားခံစာ တင်းခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

CDM နိုင်ငံရေးအကျဉ်းသားတွေကို Non CDM ပြန်လုပ်ဖို့ ဖိအားပေးခြိမ်းခြောက်နေတာဟာ သူတို့ရဲ့ အရင်တာဝန်ယူခဲ့တဲ့နေရာတွေမှာ တာဝန်ပြန်ထမ်းဆောင်ဖို့ဆိုတဲ့ယူဆချက်တွေနဲ့ အဓိက စည်းရုံးတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်မှတ်ထိုးခြင်းမရှိတဲ့ CDM နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မုံရွာထောင်မှူးကိုယ်တိုင် မိ သားစုကို ငဲ့ကွက်ပြီး လက်မှတ်ထိုးပေးဖို့ ထပ်မံဖိအားပေးတာတွေ ရှိနေပါတယ်။

အသနားခံစာမတင်တဲ့ CDM ဝန်ထမ်းတွေကို အကြောင်းအမျိုးမျိုးနဲ့ ထပ်မံတရားစွဲဆိုခံရနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာကြောင့် ထပ်မံတရားစွဲဆိုတဲ့ ဖြစ်စဉ်ရှိမရှိကို ဆက်လက်စောင့်ကြည့်စုံစမ်းနေတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ၂၇၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ နှစ်သောင်းကျော် ဆက် လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.