October 7, 2024

စစ်အာဏာသိမ်း (၁၃၄၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၆၅) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၈ AAPP ရဲ့ အောက်တိုဘာ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၄၅) ရက်အတွင်း ပြည်သူ (၅၇၆၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၁၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်ကောင်စီရဲ့ မော်လမြိုင်လေဆိပ်နဲ့ဆိပ်ကမ်းစီမံကိန်း သုံးနှစ်နီးပါး ရှိလာပေမယ့် လုပ်ငန်းမစနိုင်

မော်လမြိုင် ၊ အောက်တိုဘာ ၈ အာဏာသိမ်းစစ်ကောင်စီရဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ ဆိပ် ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းဟာ သုံးနှစ်နီးပါး ရှိလာပေမယ့် လက်ရှိအချိန်ထိ လုပ်ငန်းမစနိုင် သေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ မော်လမြိုင်မြို့အနီးမှာ နိုင်ငံတကာအဆင့်မီဆိပ်ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်…

တနင်္သာရီက ကျေးရွာနှစ်ရွာ လေယာဉ်နဲ့ဗုံးကြဲခံရ

တနင်္သာရီ၊ အောက်တိုဘာ ၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အင်းရှည်ကုန်းနဲ့ သိန္ဓောကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေတပ်ကနေ လေယာဉ်နဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲချသွားခဲ့တယ်လို့ ဒေသခံတွေနဲ့ မြိတ်ခရိုင်ပူးပေါင်စစ်ကြောင်း ၂ ထံကနေ သိရပါတယ်။ အောက်တိုဘာ ၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ မြိတ်လေတပ်က တက်လာတဲ့ တိုက်လေယာဉ်တစ်စီးဟာ အင်းရှည်ကုန်းရွာဘက်ကို ဗုံး…

ဖာပွန်မှာကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံး ပိတ်ဆို့ခံထားရ

ဖာပွန်၊ အောက်တိုဘာ ၈ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို KNLA ဦးဆောင်တဲ့ တော် လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီတပ်ဟာ လေကြောင်းကိုသာ အားထားနေရတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာ၊ တပ်ရင်းဌာနချုပ်နဲ့ ခေါပုတ်၊…

သန်းခေါင်စာရင်း ကောက်ယူသူကိုးဦးကို လောင်းလုံး PDF ဖမ်းဆီး

လောင်းလုံး၊ အောက်တိုဘာ ၈ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုရဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ် ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေတဲ့ ဆရာမရှစ်ဦးနဲ့ ရုံးစာရေးမတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ လောင်းလုံးမြို့မှ ထားဝယ်မြို့ကို သန်းခေါင်စာရင်းကောက်ဖို့ သွားတဲ့ ဆရာမတစ်ဦးကို အောက်တို ဘာ ၆ ရက်နေ့ မနက်ပိုင်းက လောင်းလုံး-ထားဝယ်လမ်းပိုင်းမှာ စတင်ဖမ်းဆီးခဲ့တာပါ။ အဲဒီနေ့…

ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း ပြည်သူ ၈ ဦး သေဆုံး

မကွေး အောက်တိုဘာ ၇ မကွေးတိုင်း ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း ပြည်သူ ၈ ဦးသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂန့်ဂေါ၊ ထီးလင်းနဲ့ ဆောမြို့နယ်တွေကို အကြောင်းမဲ့ လေယာဉ်နဲ့ရော ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာပါ။ “ဘာမှမရှိဘူး။ စစ်ကြောင်းလည်းမရှိဘူး။ တိုက်ပွဲလည်းမရှိဘူး။ စုဝေးနေတာလည်းမရှိဘဲနဲ့ကို အကြောင်းမဲ့ ရွာသားတွေကို…

တရုတ်နဲ့ မြောက်ကိုရီးယား ဆက်လက်ပူးပေါင်းဖို့ ကတိပြု

ဆိုးလ်၊ အောက်တိုဘာ ၇ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်ပြည့်နေ့မှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၆ ရက်မှာ ကတိပြုခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေး ဖွံ့ဖြိုးဖို့ အလွန်အရေးကြီးကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယား…

ဂါဇာနဲ့ လက်ဘနွန်မှာ တိုက်ခိုက်မှု အစ္စရေး အရှိန်မြှင့်

ဒီယာအယ်လ်ဘာလာ၊ အောက်တိုဘာ ၇ အရှေ့အလယ်ပိုင်းဒေသတဝန်းရှိ အီရန် ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွအဖွဲ့တွေနဲ့ ပိုမိုကျယ်ပြန့်လာတဲ့ စစ်ပွဲအတွင်း ဂါဇာမြောက်ပိုင်းနဲ့ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက အရှိန်မြှင့် ဗုံးကြဲ တိုက်ခိုက်နေပြီး အောက်တိုဘာ ၆ ရက်မှာပဲ ဘေရွတ်မြို့ ဆင်ခြေဖုံး ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။ ဗလီတစ်လုံး တိုက်ခိုက်ခံရပြီး လူ ၁၉ ဦးထက် မနည်း…

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ပတ်သက်လို့ တရုတ်ရဲ့သဘောထားအမှန်က ဘာလဲ ဘယ်လဲ။

“စစ်ခေါင်းဆောင်တွေနဲ့ စကားပြောရင် သူတို့(တရုတ်) လိုချင်တာ‌တွေ ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို အရပ်သားအစိုးရအနေနဲ့ ဆိုရင် သူ့အနေနဲ့ ပြောရဆိုရတာ ခက်တယ်။ အကြပ်အတည်းတွေ့တယ်။ တတ်နိုင်လို့ရှိရင် စစ်တပ်နဲ့ပဲ ဆက်ဆံချင်တယ်” – ဦးသန်းစိုးနိုင် တရုတ်အစိုးရက စစ်ကောင်စီ ပြုတ်ကျတာကို မလိုလားဘူးဆိုတဲ့အကြောင်း မြောက်ပိုင်းအဖွဲ့တွေ (MNDAA နဲ့ UWSA) အပေါ် ဖိအားပေးပြောဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့…

အာယုတောင်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရလို့ သုံးဦး ဒဏ်ရာရ

ရေး၊ အောက်တိုဘာ ၇ မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရတာကြောင့် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့…