ဂျာကာတာ ၊ အောက်တိုဘာ ၄

လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံ ညီလာခံ မတိုင်ခင် မြန်မာ့ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို အင်ဒိုနီးရှားက လက်ခံကျင်းပမှာ ဖြစ်ကြောင်း အင်ဒိုနီးရှား အကြီးတန်းသံတမန် တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို အောက်တိုဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်တို့မှာ ကျင်းပမယ့် ဆွေးနွေးပွဲတွေကို အင်ဒိုနီးရှား၊ အာဆီယံ ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ မြန်မာတော်လှန်ရေးအင်အားစုတွေ တက်ရောက်မှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အဲဒီ သံတမန်က ပြောဆိုပါတယ်။ စစ်ကောင်စီကတော့ အဲဒီ ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။

လာမယ့် သီတင်းပတ် အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ လာအိုမှာ ကျင်းပမယ့် အာဆီယံညီလာခံ မတိုင်ခင် အင်ဒိုနီးရှားက အခုလို ဆွေးနွေးပွဲတွေကို လက်ခံ ကျင်းပတာ ဖြစ်ပါတယ်။

အာဆီယံညီလာခံမှာလည်း မြန်မာ့ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးဖွယ် ရှိနေပါတယ်။

အာဆီယံက မြန်မာပဋိပက္ခပြေလည်စေရေး သံတမန်နည်းလမ်းအရ တွန်းအားပေးမှုတွေ တော်တော်များများ လုပ်ဆောင်ထားပေမယ့် တိုးတက်မှု အနည်းငယ်ပဲ ရှိပါတယ်။

This handout photograph taken on April 24, 2021 and released by the Indonesian Presidential Palace shows Indonesian President Joko Widodo delivering his speech at the Association of Southeast Asian Nations (ASEAN), Myannmar crisis talks in Jakarta. (Photo by – / INDONESIAN PRESIDENTIAL PALACE / AFP) / RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO/Indonesian Presidential Palace” – NO MARKETING – NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS

အာဆီယံ အဆင့်မြင့် အစည်းအဝေးတွေကနေ မြန်မာ စစ်ကောင်စီ အရာရှိတွေကို တားမြစ်ထားခဲ့ပေမယ့် စစ်ကောင်စီက လာမယ့် အာဆီယံ ညီလာခံဆီ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးကို စေလွှတ်ပြီး အာဆီယံနဲ့ ပြန်လည် ညှိနှိုင်းဖို့ ကြံစည်နေပါတယ်။

အရင်က ဆွေးနွေးမှုတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ အပေါ် ပိုမို ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ရေး အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့က တိုက်တွန်းခဲ့ကြပါတယ်။

ထိုင်းကလည်း စစ်ဗိုလ်ချုပ်တွေနဲ့ ဆွေးနွေးတာအပြင် ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ ရှုံးနိမ့်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ ပဋိပက္ခ ပြေလည်စေရေး အင်ဒိုနီးရှားရဲ့ သံတမန်ရေး နောက်ဆုံး တွန်းအားပေးမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဆီယံ အစည်းအဝေးတွေကနေ သူတို့ကို ပြန်လည် လက်ခံရေး အခုလိုမျိုး ကြိုးပမ်းတာ ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူတချို့က ပြောကြားထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.