မော်လမြိုင်၊ အောက်တိုဘာ ၃

၂၀၂၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် မွန်ပြည်နယ်မှာ ကွက်ကောက်ပေါင်း ၃၆၀၀ ကျော်ကို လူအင်အား ၁၂၀၀ ကျော်နဲ့ စာရင်းကောက်ယူနေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမှုကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ တပြိုင်နက်တည်း ကောက်ယူနေတာ ဖြစ်ပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့ရဲ့ လုံခြုံရေးကို စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူပေးထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာ သတ်မှတ်ထားတဲ့ အိမ်ထောင်စု မေးခွန်းပုံစံ ၆၈ ခု မေးမြန်းသွားပြီး ကောက်ယူပြီးစီးသွားနေတဲ့ နေအိမ်တွေမှာ ကောက်ယူပြီးစီးကြောင်း စာကပ်သွားတယ်လို့ သိရပါတယ်။

တချို့ရပ်ကွက်ကျေးရွာတွေမှာတော့ သန်းခေါင်စာရင်း ကောက်ယူမယ့် နေ့ရက်မှာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် မိသားစုအကြောင်းအရာ ဖြေပေးနိုင်မယ့်သူတစ်ဦး ရှိနေပေးဖို့ စာလိုက်ဝေတာတွေ ရှိနေတာပါ။

စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာ ရင်း ကောက်ယူသွားမှာဖြစ်ပြီး လာမယ့်ဒီဇင်ဘာမှာ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် ပြည်သူတွေအနေနဲ့ မပူးပေါင်း မပါဝင်ကြဖို့နဲ့ တတ်နိုင်ဘက်က ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.