ဖာပွန်၊ အောက်တိုဘာ ၃

ကရင်ပြည်နယ် ဖာပွန်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မ ဟာ ၅ က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ကနေ ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ဖာပွန်မြို့ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ ထဲ ဗုံးဆံ ၁၀ လုံး ကြဲချသွားခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် အိမ်ရာဟောင်းအနီး ဟင်းသီးဟင်းရွက် ရှာဖွေခူးဆွတ်နေတဲ့ အသက် ၅၀နှစ်အရွယ် ကလေးခြောက်ယောက်မိခင် နော်ဟဲခူမှာ ဗုံးစထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဖာပွန်မြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

လက်ရှိမှာတော့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖာပွန်မြို့တောင်ဘက်ခြမ်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဖာပွန်ဗျူဟာကုန်းနဲ့ တပ်ရင်းနှစ်ရင်းကို ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပိတ်ဆို့တိုက်ခိုက်နေရတဲ့ စစ်ကောင်စီတပ်ဟာ တပ်စခန်းတွေ မကျရေးအတွက် အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ KNU တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.