September 2024

ဘီးလင်းမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

ဘီးလင်း၊ စက်တင်ဘာ ၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီနဲ့အလူးလေးကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ တော် လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ကျိုက်ထိုမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သတင်းအရ…

ပလတိုက်ပွဲအတွင်း အရပ်သား ၄၀ ထက်မနည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

ပုလော၊ စက်တင်ဘာ ၇ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သား ၄၀ ထက်မနည်း ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစပြီး ပလမြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လမ်းမှာတွေ့သမျှ အရပ်သားပြည်သူတွေကို ဖမ်းဆီးခဲ့တာပါ။…

သံတွဲက စစ်ကောင်စီရဲ့ အကြီးဆုံးရေတပ်စခန်းကို AA သိမ်းပိုက်

သံတွဲ၊ စက်တင်ဘာ ၇ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် စခန်းကြီးဖြစ်တဲ့ ရေတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က စက်တင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မောင်ရွှေလေးရွာနဲ့ ကွင်းဝိုင်းရွာကြားရှိ စစ်ကောင်စီရဲ့ သံတွဲအခြေစိုက် ရေတပ်ပင်မရေငုပ်နဲ့ ဆယ် ယူရေးတပ်စခန်းကို ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာ…

စစ်အာဏာသိမ်း (၁၃၁၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၁၂) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၇ AAPP ရဲ့ စက်တင်ဘာ ၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၁၄) ရက်အတွင်း ပြည်သူ (၅၆၁၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၈၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မော်လမြိုင်မှာ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ မားဖီးယားဂိုဏ်းသဖွယ် ထင်တိုင်းကြဲနေ

မော်လမြိုင် ၊ စက်တင်ဘာ ၇ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီ ဖွဲ့စည်းပေးလိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေဟာ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတာနဲ့ မားဖီးယားဂိုဏ်းသဖွယ် ထင်တိုင်းကြဲမှုတွေရှိနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဩ ဂုတ် ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းပြီးနောက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊…

မွန်ပြည်နယ်မှာ အာဏာသိမ်းမှုအတွင်း သတ်ဖြတ်ခံရသူ ၁၉၀ နီးပါးရှိလာ

မော်လမြိုင် ၊ စက်တင်ဘာ ၇ စစ်အာဏာသိမ်းချိန်ကပြီး ဒီကနေ့အထိ သုံးနှစ်ခွဲကျော်ကာလအတွင်း မွန်ပြည်နယ်မှာ သတ်ဖြတ်ခံရသူ ၁၉၀ နီးပါးအထိ ရှိလာတယ်လို့ စက်တင်ဘာ ၆ ရက်နေ့ထုတ် လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီအရင်ခံစာက ဖော်ပြပါတယ်။ အစီရင်ခံစာပါ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ တစ်ထောင်ကျော်အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၃၃၀ ကျော်နဲ့…

ဖာပွန်မှာ စစ်ကောင်စီတပ် ရိက္ခာပို့ဖို့ လေကြောင်းကိုသာ အားကိုးနေရတယ်လို့ KNU ပြော

ဖာပွန်၊ စက်တင်ဘာ ၇ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေ ဝိုင်းဝန်းရံပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ် ဖာပွန်ဒေသအတွင်း ရိက္ခာပို့ဆောင်ရာမှာ လေကြောင်းကိုသာ အားထားနေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လတာအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကွယ်ရေးတပ်ဖွဲ့ KNDO၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့…

ထားဝယ်မှာ လက်နက်ကြီးကျလို့ အရပ်သားလေးဦးဒဏ်ရာရ

ထားဝယ်၊ စက်တင်ဘာ ၇ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသက ပကာရီကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက် ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းလောက်မှာ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုက ပကာရီကျေးရွာအတွင်း ကားတစ်စီးနဲ့ ဝင်ရောက်လာပြီးနောက် စစ်ကောင်စီရဲ့ ပကာရီရဲစခန်းကနေ လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။…

မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး အပါအဝင် ၆ ဦးသေဆုံး

မကွေး စက်တင်ဘာ ၆ မကွေးတိုင်း မြိုင်မြို့နယ်က လက်ယက်မရွာကို စစ်ကောင်စီကလေကြောင်းနဲ့ တိုက်ခိုက်လို့ ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၆ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ​သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက စက်တင်ဘာလ ၆ ရက် နေ့လယ် ၁၂ နာရီ ၅၇ မိနစ်မှာ ဂျက်ဖိုက်တာ နဲ့ နှစ်ကြိမ် ဗုံး…

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတာ ခံနေရတဲ့ လောင်းလုံးမြို့နယ်မှာ ဘာတွေ ဆက်ဖြစ်နေလဲ။

“စစ်ကြောင်းထိုးနေတဲ့ ရွာတွေတော်တော်များများ စစ်ရှောင်နေကြတယ်။ မရှောင်လို့လည်း မရဘူး။ မထင်ရင်ထင်သလို သူတို့မှာ လူသတ်လိုင်စင် ရထားသလိုမျိုး တောက်လျှောက် ပြုမူနေတယ်။ အရပ်သား ပြည်သူတွေလည်း သူတို့နဲ့ မတွေ့ရဲဘဲ တစ်ရွာလုံးနီးပါး နီးစပ်ရာ ရွာတွေမှာ စစ်ကြောင်းနဲ့ ဝေးတဲ့နေရာမှာ ရှောင်နေရတယ်” – လောင်းလုံးဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ယနေ့အချိန်အထိ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတာ၊ တော်လှန်တိုက်ခိုက်နေတာတွေ…