September 2024

ပလမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် တစ်ဦး PDF ထံ အလင်းဝင်

ပုလော၊ စက်တင်ဘာ ၉ တနင်္သာရီတိုင်း ပလမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်း တပ်သားသစ် တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ ပလမြို့အနီး စစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေစဉ် အဲဒီတပ်သားဟာ စစ်ဘေးရှောင်တွေနဲ့အတူလိုက်ပါလာပြီး အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။…

ညွှန့်ပေါင်းတပ်ဖွဲ့ဝင်တွေ အသုတ်လိုက် ထွက်ခွာရေး အီရတ်နဲ့ အမေရိကန် သဘောတူ

ဘဂ္ဂဒက် စက်တင်ဘာ ၉ အမေရိကန် ဦးဆောင်တဲ့ ဂျီဟတ်ဝါဒီ တိုက်ဖျက်ရေး ညွှန်ပေါင်းတပ်ဖွဲ့ဝင်တွေ အသုတ်လိုက် ဆုတ်ခွာရေးအတွက် အီရတ်နဲ့ အမေရိကန် သဘောတူညီလိုက်ပြီ ဖြစ်ပေမယ့် အပြီးသတ် သဘောတူညီမှု လက်မှတ် မရေးထိုးရသေးဘူးလို့ အီရတ် ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ အစွမ်းရောက် အစ္စလာမ္မစ် အိုင်အက်စ်အဖွဲ့ ချေမှုန်းရေး နိုင်ငံတကာ ညွှန့်ပေါင်းအဖွဲ့ရဲ့…

ဗီယက်နမ်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၂၁ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ

ဟနွိုင်း၊ စက်တင်ဘာ ၉ အခုနှစ် အာရှတိုက်ရဲ့ အားအပြင်းဆုံး မုန်တိုင်းဖြစ်တဲ့ စူပါတိုင်ဖွန်း ယာဂီကြောင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၂၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။ အဲဒီမုန်တိုင်းဟာ အပူပိုင်း လေဖိအားနည်းရပ်ဝန်း တစ်ခုအဖြစ် အားပျော့သွားခဲ့ပေမယ့် အနောက်ဖက် စူးစူးသို့ ရွေ့လျားနေချိန်မှာ နောက်ထပ် ရေကြီးရေလျှံမှုတွေ…

ကြာအင်းဆိပ်ကြီးမှာ ဗုံးကြဲခံရလို့ ကလေးအပါအဝင် အရပ်သား နှစ်ဦး ဒဏ်ရာရ

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၉ တိုက်ပွဲမရှိဘဲ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ကျေးရွာထဲ စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကနေ သိရပါတယ်။ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ဝင်းရေးမြို့နယ် ကျုံခဝန်ကျေးရွာထဲကို စက်တင်ဘာ ၉ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ…

စစ်ကောင်စီရဲ့တုံ့ပြန်မှု အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရ

နေပြည်တော်၊ စက်တင်ဘာ ၈ စစ်ရေးရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့ စစ်ကောင်စီဟာ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သ လို တုံ့ပြန်မယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီးနောက် နှစ်ရက်အတွင်း အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရပါတယ်။ စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ ရှမ်းတောင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ချင်း၊ မကွေးနဲ့ မန္တလေးတို့မှာ အရပ်သားတွေ နေထိုင်တဲ့…

ဒီဇင်ဘာမတိုင်မီ သန်းခေါင်စာရင်း အပြီးကောက်ဖို့ ဒုစစ်ခေါင်းဆောင်ညွှန်ကြား

နေပြည်တော် ၊ စက်တင်ဘာ ၈ သတ်မှတ်ကာလအတွင်း သန်းခေါင်စာရင်း မကောက်ယူနိုင်တဲ့ နေရာတွေကို ဒီဇင်ဘာလမတိုင်မီ သန်းခေါင်စာရင်း အပြီးကောက်ဖို့ အာဏာသိမ်း ဒုတိယခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားလိုက်ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ပဉ္စမအ ကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း ဒုစစ်ခေါင်းဆောင်က ညွှန်ကြားလာတာပါ။ စစ်ကောင်စီက ၂၀၂၄ ခုနှစ်ရဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို…

တနင်္သာရီမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ

တနင်္သာရီ၊ စက်တင်ဘာ ၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ တောင်ပိုင်းညီနောင်များ တပ်ပေါင်းစုစစ် ကြောင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ကနေစပြီး တနင်္သာရီမြို့နယ် ပိန်းတောကျေးရွာတပ်စခန်းထံ တပ်ချိန်းဖို့ အင်အား ၉၀ လောက်နဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ခြောက်မိုင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲစတင် ဖြစ်ပွားခဲ့တာပါ။ အဲဒီနောက်ပိုင်း…

အာဏာသိမ်းစစ်တပ် တအိအိပြိုကျနေပြီလို့ NUG ယာယီသမ္မတပြော

မော်လမြိုင်၊ စက်တင်ဘာ ၈ ပြည်သူ့ခုခံတော်လှန်စစ်အတွင်း စစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တ အိအိပြိုကျနေတာဟာ အထင်အရှားဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မ တက ပြောပါတယ်။ အခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ခုခံတော်လှန်စစ်ကြေညာမှု သုံးနှစ်ပြည့်အတွက် ပြည်သူလူထုထံ အမှာစကားပြောကြားစဉ် ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြော ဆိုခဲ့တာပါ။ ယာယီသမ္မတက သုံးနှစ်တာကာလအတွင်း…

ရွေးကောက်ပွဲပြီးမှ ဒေါ်နယ်ထရန့်ကို ရာဇဝတ်မှုဆိုင်ရာ အမိန့်ချမှတ်ဖို့ စီစဉ်

နယူးယောက်၊ စက်တင်ဘာ ၇ မန်ဟတ်တန်ဒေသဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့ နှုတ်ပိတ်ခ ငွေပေးမှုအတွက် ဒေါ်နယ်ထရန့်ကို လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲပြီးနောက်မှ အမိန့်ချမှတ်ဖို့ စီစဉ်ထားကြောင်း တရားသူကြီးက ပြောပါတယ်။ ဒီအမှုအတွက် အမိန့်ချမှတ်ဖို့ အကောင်းဆုံးအချိန်ကို ရွေးချယ်ထားပြီး နိုဝင်ဘာ ၂၆ ရက်မှာ အမိန့် ချမှတ်သွားမယ်လို့ တရားသူကြီး ဟွန်မာချန်က စက်တင်ဘာ ၆ ရက်မှာ…

မြန်မာကျောင်း ၆ ကျောင်းကို ထိုင်း ပညာရေးဝန်ကြီးဌာန ပိတ်ခိုင်း

ဘန်ကောက်၊ စက်တင်ဘာ ၇ ဆူရတ်ဌာနီပြည်နယ်က မြန်မာဘာသာစကား သင်ကြားနေတဲ့ တရားမဝင် စာသင်ကျောင်း ၆ ကျောင်းကို ထိုင်း ပညာရေးဝန်ကြီးဌာနက ပိတ်ခိုင်းလိုက်ပြီးနောက် အခြားပြည်နယ်တွေမှာလည်း အလားတူ ကျောင်းတွေ ရှိ မရှိ စစ်ဆေးကြဖို့ ဒေသဆိုင်ရာအရာရှိတွေကို ညွှန်ကြားလိုက်ပါတယ်။ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်ရှိ မေတ္တာရိပ် ဘမ်ကွမ်းကျောင်းမှာ ကျောင်းသားတွေ စုဝေးချိန်အတွင်း မြန်မာနိုင်ငံတော် သီချင်းနဲ့ ထိုင်းနိုင်ငံတော်…