September 2024

အကျဉ်းစခန်းဗုံးကြဲမှု AA တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲလိုက်တာကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ AA တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးတယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

ရဟတ်ယာဉ်နဲ့ ရေဘေးကယ်ဆယ်ရေးလုပ်နေတယ်လို့ စစ် တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “စစ်ကောင်စီ လေတပ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်ဖို့ ထွက်ခွာသွားတယ်”ဆိုပြီး လေကြောင်းပျံသန်းမှု ရုပ်သံဖိုင်တစ်ခုကို စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

တရုတ်ရဲ့ ချစ်ကြည်ရေးမူဝါဒ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ ထုတ်ပြန်

ရန်ကုန် ၊ စက်တင်ဘာ ၁၆ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ ရန်ကုန်အခြေစိုက် တရုတ်သံရုံးရဲ့ Facebook လူမှုကွန်ရက်ကနေ စက်တင်ဘာ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ မကြာသေးမီက မီဒီယာတချို့နဲ့ ပုဂ္ဂိုလ်တွေက တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်နေတယ်လို့ အကြောင်းမဲ့ အပြစ်တင်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရသူက သဘောထား…

ရေတာရှည်မှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ PDF ရဲဘော်တစ်ဦး ကျဆုံး

ရေတာရှည်၊ စက်တင်ဘာ ၁၆ ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ ရေဘေးဒဏ်ကြုံတွေ့ ခံစားနေရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရေတာရှည်မြို့နယ်မှာ ရေဘေးဒဏ်ကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရင်း စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး…

ရေဘေးအပေါ် တာဝန်ကင်းမဲ့ခဲ့တဲ့ စစ်ကောင်စီရဲ့ အရေးပေါ်တုံ့ပြန်မှု

နေပြည်တော် ၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံအနှံ့နီးပါး ရေကြီးရေလျှံနစ်မြုပ်မှုကြောင့် လူ့အသက်များစွာ သေကြေနေရပေမယ့် အ စိုးရတစ်ရပ်အဖြစ် ခံယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အရေးပေါ်တုံ့ပြန်မှုအပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ရေဘေးကြောင့် စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ်အထိ တစ်နိုင်ငံလုံးမှာ လူ ၃၃ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ပြောဆိုပေမယ့် ရေဘေးသင့်ဒေသတွေမှာ လူရာဂဏန်းအထိ…

ကျိုက္ခမီမြို့မှာ ဝမ်းရောဂါကြောင့် သေဆုံးသူခြောက်ဦးအထိရှိလာ

ကျိုက္ခမီ ၊ စက်တင်ဘာ ၁၅ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာပြီးနောက် မြို့တွင်းရှိ စားသောက်ဆိုင်အားလုံး ယာယီပိတ်သိမ်းထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ကျိုက္ခမီမြို့မှာ စက်တင်ဘာပထမအပတ်က စတင်ပြီး ပင်လယ်ပြင် ငါးဖမ်းစက်လှေသမားတွေနဲ့ ကျားဖောင်လုပ်သားတွေအပါအဝင် ဒေသခံပြည်သူတချို့မှာ ဝမ်းရောဂါကူးစက် ဖြစ်ပွားမှုတွေ ရှိလာခဲ့တာပါ။ ဝမ်းရောဂါကြောင့် စက်တင်ဘာ ၁၃ ရက်နေ့အထိ…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၂၀ နီးပါး သတ်ဖြတ်ခံရ

တနင်္သာရီ၊ စက်တင်ဘာ ၁၅ တနင်္သာရီတိုင်းမှာ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်လာမှုနဲ့အတူ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ သတ်ဖြတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီက နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ စက်တင်ဘာ ၁၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ် ခတ်မှုကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် အမြောက် တပ်နဲ့ ပဲခူးတိုင်းဝေါမြို့နယ် လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့…

ဘားအံရေကြီးမှု ပိတ်မိ‌‌နေသူတွေ အများအပြား ရှိနေ၊ သောက်ရေနဲ့စားစရာ အရေးပေါ်လိုအပ်

ဘားအံ၊ စက်တင်ဘာ ၁၄ သံလွင်မြစ်ရေ စံချိန်တင် ကြီးမြင့်လာမှုကြောင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ သံလွင်မြစ်ကမ်းတလျှောက်က ကျေးရွာတွေအားလုံးလိုလိုမှာ ရေကြီးနစ်မြုပ်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး ပိတ်မိနေသူတွေ အများအပြား ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၇…

တရားဝင်မှတ်ပုံတင်ခွင့် ရရှိထားတဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ရှေ့လုပ်ငန်းစဉ်က ဘာတွေဖြစ်မလဲ။

“လူထုစည်းရုံးရေးမှာ စုပြီးတော့ စည်းရုံးတာက အစ တရားဝင် ဖြစ်သွားပြီဆိုတော့လည်း အများကြီးကောင်းတာပေါ့။ ပြည်သူလူထုဆီကလည်း အကြံဉာဏ်ပိုပြီးတော့ ရလာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့လည်း သူတို့ဆီက ဘယ်လို ဆက်လုပ်သွားရမလဲဆိုတာကိုလည်း သေသေချာချာ ချပြလို့ရတာပေါ့” – နိုင်သန်းရွှေ (ပါတီ ပြောခွင့်ရသူ) စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နှစ်ခွဲကျော် စောင့်ဆိုင်းထားတဲ့ မွန်ညီညွတ်ရေးပါတီ MUP ကို စက်တင်ဘာ ၉…