မော်လမြိုင်၊ စက်တင်ဘာ ၂၉

စက်သုံးဆီအပါအဝင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ၂၀ လီတာ ရေသန့်တစ်ဗူးကို ကျပ် ၁၅၀၀ အထိ တိုးမြှင့်လိုက်တယ်လို့ မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းက ကြေညာပါတယ်။

ရေသန့်ဈေးနှုန်း တိုးမြှင့်ရတာဟာ အထွေထွေကုန်ကျစရိတ် မြင့်မားလာတာ၊ စက်သုံးဆီဈေးနှုန်းနဲ့ ရေသန့်လုပ်ငန်းသုံးပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ရေသန့်ဈေးနှုန်းကို မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်တွေရဲ့ ညှိနှိုင်းသဘောတူညီမှုအရ အောက်တိုဘာ ၁ ရက်နေ့စပြီး ရေသန့်တစ်ဗူးကို ကျပ် ၁၅၀၀ နှုန်းနဲ့ ဖြန့်ဖြူးရောင်းချသွားမယ်လို့ အသိပေးထားပါတယ်။

မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင် တစ်ဦးကတော့ ရေသန့်ဈေးနှုန်း တိုးမြှင့်ရတာဟာ လျှပ်စစ် မီးမမှန်တာ၊ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ခေတ်ကာလနဲ့လျော်ညီတဲ့ ဈေးနှုန်း သတ် မှတ်ရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေသန့်ဈေးနှုန်း တိုးမြှင့်ရာမှာ ၂၀ လီတာဗူး တစ်မျိုးတည်းမဟုတ်ဘဲ ကျန်တဲ့ ၁ လီတာဗူးအပါအ ဝင် တခြားဆိုဒ်စုံ ဗူးတွေကိုလည်း တစ်ကတ်လျှင် အနည်းဆုံး ကျပ် ၁၀၀၀ ကနေ ကျပ် ၂၀၀၀ အထိ တိုးမြှင့်ရောင်းချသွားမယ်လို့ သိရပါတယ်။

ရေသန့်ဈေးနှုန်းဟာ အာဏာမသိမ်းမီ ၂၀ လီတာ ရေသန့်တစ်ဗူးကို ကျပ် ၃၀၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ် ၅၀၀ ၊ ကျပ် ၇၀၀ ၊ ကျပ် ၁၀၀၀ မှတဆင့် ကျပ် ၁၅၀၀ ဈေးနှုန်းထပ်မံ မြင့်တက်လာတာပါ။

မော်လမြိုင်မြို့နယ်မှာ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ လုပ်ငန်း ၁၀ ခုထက်မနည်း ရှိနေပြီး နေ့စဉ်ရပ်ကွက်အလိုက် မော်တော်ကားတွေနဲ့ လိုက်လံဖြန့်ဖြူးရောင်းချပေးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.