မော်လမြိုင်၊ စက်တင်ဘာ ၂၆

တိုင်ဖွန်းရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း ရေကြီးတာနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးနဲ့ ပျောက် ဆုံးသူဦးရေ စုစုပေါင်းတစ်ထောင်ကျော်အထိ ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းစစ်ကြောင်းနဲ့ ပကဖတွေဟာ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ ရေးဘေးသင့် ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ငွေသား၊ ရိက္ခာခြောက်တွေ ပေးပို့နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်း ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခတွေမှာ စစ်ကောင်စီဟာ ရေဘေးဒဏ်သင့်နေတဲ့ ပြည်သူတွေထံ ပို့ဆောင်မယ့် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို သိမ်းဆည်းတာ၊ ဆက်သွယ်ရေး လမ်ကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့တာတွေကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေတယ်လို့ NUG က ဆိုပါတယ်။

စစ်ကောင်စီရဲ့ စာရင်းတွေအရ စက်တင်ဘာ ၂၄ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေ ဘေးသင့် ပြည်သူကိုးသိန်းခွဲကျော် တိုးလာပြီး သေဆုံးသူ ၄၁၉ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က စက်တင်ဘာ ၂၁ ရက်နေ့ ထုတ်ပြန်ထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ရေဘေးကြောင့် လူပေါင်းတစ်ရာနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းက နေအိမ် သုံးထောင်နီးပါး ပျက်ဆီးခဲ့သလို လမ်းတံ တား တစ်ထောင်နီးပါး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.