အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “စစ်ကောင်စီ လေတပ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်ဖို့ ထွက်ခွာသွားတယ်”ဆိုပြီး လေကြောင်းပျံသန်းမှု ရုပ်သံဖိုင်တစ်ခုကို စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ လက်အောက်ခံ ဟန်ငြိမ်းဦး၊ snow queen စတဲ့ တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ စက် တင်ဘာ ၁၃ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရှမ်းပြည်နယ် နောင်ချိုမြို့နဲ့ လားရှိုးမြို့တွေကို စစ်ကောင်စီက နှစ်ရက်ဆက် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတဲ့အကြောင်း လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို စက်တင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် အရပ် သားငါးဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိတယ်လို့ People’s Spring သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၃ ရက်နေ့ နေ့လည် ၁၂ ခွဲနာရီအချိန်ကနေ နေ့လည် ၁ နာရီခွဲအချိန်အထိ ရှမ်းပြည်နယ် နောင်ချိုမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံး ၁၃ လုံးကို ထပ်ခါထပ်ခါ လာရောက်ဗုံးကြဲသွားတယ်လို့ သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။

TNLAထုတ်ပြန်ချက်လင့်

https://t.me/taangtv2023/3588

သံလွင်တိုင်းမ် သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/share/p/xnEctoousY2NZs8F

People’s Springသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/share/p/x92SGbMEthtuoPYx

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.