အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ ”ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ တရားမဝင်ခိုလှုံနေတဲ့ PDF တွေကို ထိုင်းရဲတပ်ဖွဲ့က စတင်ဖမ်းဆီးနေတယ်” ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်လော်ဘီတွေဖြစ်တဲ့ Kyaw Swar အပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၄ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ နယ်စပ်မြို့မဲဆောက်မှာ မြန် မာနိုင်ငံသားတွေ ဖွင့် လှစ်ရောင်းချနေတဲ့ စားသောက်ဆိုင်တချို့နဲ့ စာ သင်ကျောင်းတွေကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး ဖမ်းဆီးခေါ်ဆောင်နေတာဖြစ်ပါတယ်။ဒီသတင်းတွေကို ထိုင်းသတင်းဌာနတွေနဲ့ မြန်မာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ကုန့်ရပ်ကွက်ထဲမှာ ဖွင့်လှစ်ထားတဲ့ “မေတ္တာရိပ်” အမည်ရှိ ပ ညာသင်ကျောင်းတစ်ကျောင်းဟာ ထိုင်းပညာ ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတာ မ ဟုတ်တဲ့အတွက် ကျောင်းဖွင့်ခွင့်ကို သက်ဆိုင်ရာက ရပ်ဆိုင်းကြောင်း စူရတ်ဌာနီခရိုင်ပညာရေးရုံးက စက်တင်ဘာ ၄ ရက်နေ့က အမိန့်ထုတ်ထားတယ်လို့ Transborder ထိုင်းသတင်းဌာနရဲ့သတင်းကို DVBသတင်းဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန်ယိုင်မြို့နယ် ဘန်မွမ့်ကျေးရွာမှာ နေထိုင်ပြီး tiktok အွန်လိုင်းကနေ ဈေးရောင်းချနေတဲ့ မြန်မာနိုင်ငံသားရှစ်ဦးကို စက်တင်ဘာ ၅ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ MIZZIMA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

MIZZIMA သတင်းဌာနကဖော်ပြထားတဲ့လင့်

https://bur.mizzima.com/2024/09/07/32311?fbclid=IwY2xjawFJE41leHRuA2FlbQIxMAABHYVHyQ2oXiQvJ2DAhwNX-AMDV_bRcBnw5l1seZD2gf4d0B1c6lfmIesw7Q_aem_isg3M94oULFO4J3_EIhz7g

DVBသတင်းဌာနကဖော်ပြထားတဲ့လင့်

https://burmese.dvb.no/post/667647?fbclid=IwY2xjawFJFdNleHRuA2FlbQIxMAABHZaHQoNnFcIfpCguH8bij0Z9L7QAxDBQ1hvODQVi2IWtknysShxFlVAu5A_aem_lMl9Wjrex9Vmf8O0P9kHlg

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထာ;တာတွေဟာ သတင်းအမှားဖြန့်ချီနေတာဖြစ်ကြောင်း သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.