ဘာလင်၊ စက်တင်ဘာ ၆

ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချနိုင်ဖို့ ယူကရိန်းသို့ အများအပြား ပေးပို့ထားတဲ့ Iris-T လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို ဂျာမနီမြေမှာလည်း အသက်သွင်းထားလိုက်ပြီ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ပြီးနောက် သူတို့နိုင်ငံနဲ့ ဥရောပ ကာကွယ်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှူးက ပြောကြားပါတယ်။

ရုရှားက လက်နက်တွေ ပြန်လည် တပ်ဆင်နေတာ နှစ်တွေ တော်တော်များများ ကြာပါပြီ။ အထူးသဖြင့် ဒုံးကျည်တွေနဲ့ ခရု့ဇ် ဒုံးကျည် နယ်ပယ်တွေမှာ ဖြစ်တယ်လို့ နိုင်ငံမြောက်ပိုင်းက ဟမ်းဘက်မြို့အနီး တိုဒန်ဒေါ့ဖ် ဒေသရှိ စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်းမှာ ပြုလုပ်တဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဝန်ကြီးချုပ် အိုလက်ဖ် ရှူးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ပူတင်ဟာ လက်နက် ဖျက်သိမ်းရေး သဘောတူညီမှုတွေကို ချိုးဖောက်ပြီး ကာလင်နင်ဂရက်ဒေသ အထိ ဒုံးကျည်တွေ ချထားပြီး အဲဒီ ဒေသဟာ ဘာလင်မြို့ကနေ မိုင် ၃၃၀ ပဲ ဝေးတယ်လို့ ဝန်ကြီးချုပ် အိုလက်ဖ်ရှူးက ပြောပါတယ်။

ဒီလို အခြေအနေမျိုးကို မိမိတို့အနေနဲ့ သင့်တော်သလို ကြိုတင် ကာကွယ်ရမှာဖြစ်ပြီး မကာကွယ်ရင် ငြိမ်းချမ်းရေးအတွက် အန္တရာယ် ကျရောက်နိုင်တယ်လို့ ဂျာမနီဝန်ကြီးချုပ်က ပြောပါတယ်။

ပဲ့ထိန်း ဒုံးကျည်တွေကို တားဆီးရေး တာဝေးကာကွယ်မှု စနစ်လည်း ပါဝင်တဲ့ အဲဒီ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေဟာ ဥရောပ ဝေဟင်ဒိုင်းကာ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘိုးရစ် ပစ်စတိုးရီးရပ်စ်ကလည်း ပြောကြားပါတယ်။

05 September 2023, Schleswig-Holstein, Panker: A launcher of the IRIS-T SLM air defense system from Diehl Defence stands on a plate during the presentation of the European Air Defence Academy at the Todendorf barracks. Within eight months, the most modern training center for short- and medium-range air defense in Europe was built. The expansion of air defense will be complemented by the IRIS-T SLM system and the introduction of the Israeli Arrow 3 air defense missile system from 2024. Photo: Sebastian Christoph Gollnow/dpa (Photo by Sebastian Gollnow / DPA / dpa Picture-Alliance via AFP)

အမေရိကန်ပြီးရင် ယူကရိန်းကို ဒုတိယမြောက် အများဆုံး စစ်ရေး အကူအညီပေးနေတဲ့ ဂျာမနီဟာ ယူကရိန်းဆီကို အဲဒီ လေကြောင်းရန် ကာကွယ်ရေး စနစ် ၄ ခု ပေးပို့ထားပြီး နောက်ထပ် ၈ ခု ပေးပို့ဖို့ ကတိပြုထားပါတယ်။

ယူကရိန်းမှာ Iris-Tလေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ ရန်သူ့ ဒုံးကျည်တွေ ဒရုန်းတွေ အများကြီးကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး လူ့အသက်တွေ အများကြီးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ မိမိတို့ အနေနဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ပြီး စစ်ပွဲကို ကြိုတင် တားဆီးသွားမှာ ဖြစ်တယ်လို့ဝန်ကြီးချုပ် ရှူးက ပြောဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.