ရေး ၊ စက်တင်ဘာ ၆
မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအဖွဲ့ NMSP AD ရဲ့ အပတ်စဉ် ၁ အထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို စက်တင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ပါတီက သတင်းထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ဇေယျ၊ နိုင်ဗညားလယ်၊ ဒုစစ်ဦးစီးချုပ် နိုင်ဂျလွန်းထောနဲ့ မဟာမိတ်အဖွဲ့တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီ AD ရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ အထူးကွန်မန်ဒိုသင်တန်းကို ၂ လ ကျော်လောက် ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် ၁ အတွက် ရဲဘော် ၃၃ ဦးက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD