ထားဝယ်၊ စက်တင်ဘာ ၇

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသက ပကာရီကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက် ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းလောက်မှာ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုက ပကာရီကျေးရွာအတွင်း ကားတစ်စီးနဲ့ ဝင်ရောက်လာပြီးနောက် စစ်ကောင်စီရဲ့ ပကာရီရဲစခန်းကနေ လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

ရဲစခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ ပကာရီရွာထဲရှိ ဖုန်းဆိုင်တစ်ဆိုင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဖုန်းဆိုင်အတွင်းရှိ ဒေသခံလေးဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထား ဝယ်အရှေ့တော ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား သုံးဦးထဲမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးဟာ လက် နက်ကြီးစ ထိမှန်တာကြောင့် ဒဏ်ရာပြင်းထန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင် ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံလေးဦးကို ထားဝယ်မြို့ စစ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာ ၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေ ဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေရဲ့ ဖမ်းဆီးသတ် ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.