September 6, 2024

စစ်အာဏာသိမ်း (၁၃၁၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၁၂) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၇ AAPP ရဲ့ စက်တင်ဘာ ၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၁၄) ရက်အတွင်း ပြည်သူ (၅၆၁၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၈၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မော်လမြိုင်မှာ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ မားဖီးယားဂိုဏ်းသဖွယ် ထင်တိုင်းကြဲနေ

မော်လမြိုင် ၊ စက်တင်ဘာ ၇ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီ ဖွဲ့စည်းပေးလိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေဟာ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတာနဲ့ မားဖီးယားဂိုဏ်းသဖွယ် ထင်တိုင်းကြဲမှုတွေရှိနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဩ ဂုတ် ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းပြီးနောက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊…

မွန်ပြည်နယ်မှာ အာဏာသိမ်းမှုအတွင်း သတ်ဖြတ်ခံရသူ ၁၉၀ နီးပါးရှိလာ

မော်လမြိုင် ၊ စက်တင်ဘာ ၇ စစ်အာဏာသိမ်းချိန်ကပြီး ဒီကနေ့အထိ သုံးနှစ်ခွဲကျော်ကာလအတွင်း မွန်ပြည်နယ်မှာ သတ်ဖြတ်ခံရသူ ၁၉၀ နီးပါးအထိ ရှိလာတယ်လို့ စက်တင်ဘာ ၆ ရက်နေ့ထုတ် လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီအရင်ခံစာက ဖော်ပြပါတယ်။ အစီရင်ခံစာပါ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ တစ်ထောင်ကျော်အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၃၃၀ ကျော်နဲ့…

ဖာပွန်မှာ စစ်ကောင်စီတပ် ရိက္ခာပို့ဖို့ လေကြောင်းကိုသာ အားကိုးနေရတယ်လို့ KNU ပြော

ဖာပွန်၊ စက်တင်ဘာ ၇ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေ ဝိုင်းဝန်းရံပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ် ဖာပွန်ဒေသအတွင်း ရိက္ခာပို့ဆောင်ရာမှာ လေကြောင်းကိုသာ အားထားနေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လတာအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကွယ်ရေးတပ်ဖွဲ့ KNDO၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့…

ထားဝယ်မှာ လက်နက်ကြီးကျလို့ အရပ်သားလေးဦးဒဏ်ရာရ

ထားဝယ်၊ စက်တင်ဘာ ၇ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသက ပကာရီကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက် ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းလောက်မှာ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုက ပကာရီကျေးရွာအတွင်း ကားတစ်စီးနဲ့ ဝင်ရောက်လာပြီးနောက် စစ်ကောင်စီရဲ့ ပကာရီရဲစခန်းကနေ လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။…

မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး အပါအဝင် ၆ ဦးသေဆုံး

မကွေး စက်တင်ဘာ ၆ မကွေးတိုင်း မြိုင်မြို့နယ်က လက်ယက်မရွာကို စစ်ကောင်စီကလေကြောင်းနဲ့ တိုက်ခိုက်လို့ ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၆ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ​သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက စက်တင်ဘာလ ၆ ရက် နေ့လယ် ၁၂ နာရီ ၅၇ မိနစ်မှာ ဂျက်ဖိုက်တာ နဲ့ နှစ်ကြိမ် ဗုံး…

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတာ ခံနေရတဲ့ လောင်းလုံးမြို့နယ်မှာ ဘာတွေ ဆက်ဖြစ်နေလဲ။

“စစ်ကြောင်းထိုးနေတဲ့ ရွာတွေတော်တော်များများ စစ်ရှောင်နေကြတယ်။ မရှောင်လို့လည်း မရဘူး။ မထင်ရင်ထင်သလို သူတို့မှာ လူသတ်လိုင်စင် ရထားသလိုမျိုး တောက်လျှောက် ပြုမူနေတယ်။ အရပ်သား ပြည်သူတွေလည်း သူတို့နဲ့ မတွေ့ရဲဘဲ တစ်ရွာလုံးနီးပါး နီးစပ်ရာ ရွာတွေမှာ စစ်ကြောင်းနဲ့ ဝေးတဲ့နေရာမှာ ရှောင်နေရတယ်” – လောင်းလုံးဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ယနေ့အချိန်အထိ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတာ၊ တော်လှန်တိုက်ခိုက်နေတာတွေ…

ရုရှားအန္တရာယ်ကြောင့် ဂျာမနီ လေကြောင်းရန် ကာကွယ်ရေးစနစ် အသက်သွင်း

ဘာလင်၊ စက်တင်ဘာ ၆ ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချနိုင်ဖို့ ယူကရိန်းသို့ အများအပြား ပေးပို့ထားတဲ့ Iris-T လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို ဂျာမနီမြေမှာလည်း အသက်သွင်းထားလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ပြီးနောက် သူတို့နိုင်ငံနဲ့ ဥရောပ ကာကွယ်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ မြေပြင်မှ…

အစ္စရေးနဲ့ဟားမာစ့် အပစ်ခတ်ရပ်စဲရေး ၉၀ ရာခိုင်နှုန်း သဘောတူထားပြီလို့ အမေရိကန် ပြော

ဝါရှင်တန်၊ စက်တင်ဘာ ၆ အမေရိကန် အစိုးရရဲ့ လေ့လာချက်တွေအရ ဂါဇာ ငြိမ်းချမ်းရေး သဘောတူညီချက်ပါ အချက်အလက် ၉၀ ရာခိုင်နှုန်းကို အစ္စရေးနဲ့ ဟားမာ့စ်တို့ သဘောတူထားကြပြီ ဖြစ်ပြီး သဘောတူညီမှု အပြီးသတ် လက်မှတ် ရေးထိုးနိုင်ရေး နှစ်ဖက်စလုံးကို တိုက်တွန်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။ သဘောတူညီမှု တစ်ရပ် ရရှိရေး မျှော်လင့်ပြီးတော့…

မွန်ပြည်သစ်ပါတီ AD အထူးကွန်မန်ဒို အပတ်စဉ် ၁ သင်တန်းဆင်း

ရေး ၊ စက်တင်ဘာ ၆ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအဖွဲ့ NMSP ‌AD ရဲ့ အပတ်စဉ် ၁ အထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို စက်တင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ပါတီက သတင်းထုတ်ပြန်ပါတယ်။ သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ဇေယျ၊ နိုင်ဗညားလယ်၊ ဒုစစ်ဦးစီးချုပ် နိုင်ဂျလွန်းထောနဲ့ မဟာမိတ်အဖွဲ့တွေလည်း တက်ရောက်ခဲ့ကြပါတယ်။…