ရေး၊ စက်တင်ဘာ ၃
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ ရှင်စောပုဈေးရှိ ယုဇနအာမခံစိန်ရွှေရတနာဆိုင်မှာ အမျိုးသားနှစ်ဦးက သေနတ်ပြလုယက်သွားတယ်လို့ ရွှေဆိုင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ် ။
ဒီနေ့ စက်တင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရွှေရောင်းချဖို့ ရွှေဆိုင်ခင်းနေစဉ် သေနတ်ပြပြီး နားကပ်ထည့်ထားတဲ့ပုံးကို လုယူထွက်ပြေးသွားတာပါ။
လုယူထွက်ပြေးသွားတဲ့ သေနတ်သမားတွေကို ဈေးသူဈေးသားတွေက ဖမ်းဆီးဖို့ကြိုးပမ်းစဉ် သေ နတ်တစ်ချက် ပစ်ဖောက်သွားတဲ့အတွက် ဘယ်သူမှမဖမ်းဆီးရဲလိုက်ဘူးလို့ ဆိုပါတယ်။
ရွှေဆိုင်သေနတ်ပြလုယက်ခံရတာကြောင့် နားကပ်အရံ ၄၀၀ ဒါမှမဟုတ် ၅၀၀ လောက် ပါသွားကြောင်းနဲ့ နားကပ်လာရောင်းချမှုတွေရှိပါက အကြောင်းကြားကူညီပေးကြဖို့ ယုဇနစိန်ရွှေရတနာဆိုင်က မေတ္တာရပ်ခံထားပါတယ်။
ယုဇနစိန်ရွှေရတနာဆိုင်က ထုတ်ပြန်တဲ့ CCTV မှတ်တမ်းအရ သေနတ်ပြလုယက်သွားတဲ့ အမျိုး သားနှစ်ဦးဟာ မိုးကာနဲ့ ဆိုင်ကယ်ဦးထုပ်ဝတ်ဆင်ထားပြီး ဈေးအရှေ့မှာ အသင့်ရပ်ထားတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်ဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဘက်က တရားဥပဒေစိုးမိုးရေး မဆောင်ရွက်နိုင်တာကြောင့် မကြာခဏဆိုသလို ခိုးဆိုးလုယက်မှုတွေ ဖြစ် ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ယုဇနစိန်ရွှေရတနာဆိုင်