လောင်းလုံး၊ စက်တင်ဘာ ၃

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်အင်အားအလုံးအ ရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူလူထု ၅၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေထံ သိရပါတယ်။

တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ်လနောက်ဆုံးအပတ်ကစပြီး ကျေးရွာပေါင်းရှစ်ရွာရှိတဲ့ စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးဝင်ရောက်တာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် စခန်းကြီး၊ ဖွားဘုတ်ပြင်၊ ခမောင်းတောင်၊ ထိန်တွင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၈ ရွာက ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေထံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ် ၃၁ ရက်နေ့ကနေ စက်တင် ဘာ ၂ ရက်နေ့အထိ ဖွားဘုတ်ပြင်ကျေးရွာကို သုံးရက်ဆက်တိုက်မီးရှို့နေပြီး ပျက်စီးဆုံးရှုံးမှု အရေ အတွက် အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖွားဘုတ်ပြင်၊ စခန်းကြီး၊ မဲအုံကျေးရွာတွေက အမျိုးသား၊အမျိုးသမီး ၁၀ ဦးထက်မနည်းကို လူသားဒိုင်းနဲ့ လမ်းပြအဖြစ် ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၆၀,၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.