August 2024

ဘင်္ဂလားဒေ့ချ် ယာယီအစိုးရအဖွဲ့ကို နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဦးဆောင်မယ်

ဒါကာ၊ သြဂုတ် ၇ ရာထူးက နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ ကာလကြာရှည် နိုင်ငံရေးရန်ဖက်ဖြစ်တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနာ့စ်ကို ဘင်္ဂလားဒေ့ချ်နိုင်ငံရဲ့ ယာယီ ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဆိုးဆိုးရွားရွား မငြိမ်သက်မှုတွေ သီတင်းပတ်များစွာကြာ ဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် ဟာဆီနာ နိုင်ငံတွင်းက ထွက်ပြေးသွားပြီး တစ်ရက်အကြာမှာ အသက် ၈၄ နှစ်အရွယ်…

ထိုင်းအတိုက်အခံ Move Forward ပါတီ ဖျက်သိမ်းခံရ

ဘန်ကောက်၊ သြဂုတ် ၇ လူကြိုက်များတဲ့ အတိုက်အခံ Move Forward ပါတီကို ဖျက်သိမ်းရေး ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက သြဂုတ် ၇ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။ ဘုရင့်နန်းတော်ကို မဝေဖန်ရဘူးလို့ တားမြစ်ထားတဲ့ နန်းတော်စော်ကားမှုဆိုင်ရာဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တရားရုံးက ပါတီဖျက်သိမ်းဖို့ အမိန့်ချမှတ်တာ ဖြစ်ပါတယ်။ Move Forward ပါတီရဲ့ ဥပဒေပြင်ဆင်ရေး…

စဉ့်ကူးမြို့ကို ဗုံးကြဲတိုက်ခိုက်တာ မရှိဘူးလို့ စစ်တပ်လိမ် လည်သတင်းမှားဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ မရှိဘူး”လို့ ဝါဒဖြန့်သတင်းစာတွေနဲ့ တပ်လော်ဘီချန်နယ်တွေက ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာ၊မြန်မာ့အလင်းသတင်းစာနဲ့ စစ်တပ်လော်ဘီတွေက…

စစ်ကောင်စီရဲ့ ဗုံးကြဲမှု တားဆီးပေးဖို့ ညီနောင်သုံးဖွဲ့ တရုတ်ကို တောင်းဆို

လောက်ကိုင်၊ ဩဂုတ် ၇ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တားဆီးပေးဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့က တရုတ်နိုင်ငံထံ ဩဂုတ် ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိတဲ့ မြို့ ရွာတွေရှိ ဈေး၊ စာသင်ကျောင်းနဲ့ ဆေးရုံစတဲ့ အရပ်သားလူထု အဆောက်အအုံတွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပြီး တိုင်းရင်းသားပြည်သူတွေကို သတ်ဖြတ်နေတဲ့…

သတင်းမီဒီယာ အငြင်းပွားမှု ဖြေရှင်းရေး KNU နဲ့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီတို့ သဘောတူညီမှု ရရှိ

မော်လမြိုင် ဩဂုတ် ၇ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM) တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့က သတင်းမီဒီယာ မူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို KNU နယ်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ KNU ဘက်က သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းနဲ့ IPCM ဘက်က သတင်းမီဒီယာကျင့်ဝတ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းခဲ့ကြတဲ့အကြောင်း ပူးတွဲကြေညာချက်ထဲမှာ…

TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ ဗုံးကြဲခံရလို့ ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီး

ကွတ်ခိုင်၊ ဩဂုတ် ၇ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့သလို သေဆုံးသူ ၆ ဦးအထိရှိလာတယ်လို့ တအောင်းတပ်မတော် TNLA က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကွတ်ခိုင်မြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ…

တနင်္သာရီမြို့နယ်က ရေဘေးသင့်ခဲ့ရတဲ့ စစ်ရှောင်တွေရဲ့ အခြေအနေ

“အားလုံးက ရိက္ခာအတွက် အများကြီး ဝယ်ထားကြတာ မရှိဘူး။ ပြေးနေရတယ်ဆိုတော့ ဒီဘက်မှာလည်း ဝယ်မယ့်ဆိုင်တွေမရှိတော့ ဘာမှလည်း ဝယ်လို့မရတော့ဘူးဆိုတော့ ကျွန်တော်တို့အတွက်တော့ စစ်ဘေးရှောင်ရော ရေဘေးရော အားလုံးအတွက်တော့ အခက်တော်တော်လေးတွေ့နေတယ်” – ကိုဖြိုး (တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့) ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တနင်္သာရီမြို့နယ်မှာ မိုးကြီးပြီး ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်…

စစ်အာဏာသိမ်း (၁၂၈၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၇ AAPP ရဲ့ သြဂုတ် ၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၈၃) ရက်အတွင်း ပြည်သူ (၅၄၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံaခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ရှုံးပြီး အရူးမီးဝိုင်းနေတဲ့ စစ်ခေါင်းဆောင်

စစ်ရှုံးပြီး အရူးမီးဝိုင်းနေတဲ့ စစ်ခေါင်းဆောင် နေပြည်တော် ၊ ဩဂုတ် ၇ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခုခံတော်လှန်မှုထိုးစစ်တွေကို နိုင်ငံအနှံ့အပြားမှာ ဝိုင်းရံတိုက်ခိုက်ခံနေရတဲ့ စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့ ပြည်ပနိုင်ငံတ ချို့ကို စွပ်စွဲအပြစ်ဖို့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အစဉ်အလာကြီးခဲ့တဲ့ ရှမ်းမြောက်ရှိ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာ နချုပ် အရေးနိမ့်ခဲ့ရပြီးချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူလုံးထွက်ပြပြီး လုံခြုံရေးဆိုင်ရာမိန့်ခွန်းမှာ…

မော်လမြိုင်မှာ လုံခြုံရေးအတွက် စစ်ကောင်စီ နေ့စားခေါ်ယူအသုံးပြုလာ

မော်လမြိုင် ၊ ဩဂုတ် ၇ စစ်ကောင်စီ နယ်မြေအပြည့်အဝ ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ လုံ ခြုံရေးအတွက် ဒေသတွင်းက လူငယ်တွေကို နေ့စားအငှား ခေါ်ယူအသုံးပြုလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှု များပြားလာတာ၊ လက်နက်ချအညံ့ခံမှုတွေကြောင့် တပ်အင်အားပြုန်းတီးလာတဲ့ စစ်ကောင်စီဟာ နယ်မြေတည်ငြိမ်တဲ့ ဒေသတွေမှာ လုံ ခြုံရေးအတွက်…