August 24, 2024

EAOs ထိန်းချုပ်ဒေသတွေထိ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီခြေလှမ်း

နေပြည်တော် ၊ ဩဂုတ် ၂၅ အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေအတွင်း ကျင်းပနိုင်ရေး စစ်ကောင်စီအပါအဝင် အပစ်ရပ်ထိုး EAOs တွေနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ဆွေးနွေးခဲ့ကြပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေနဲ့ ရုပ်သံသတင်းတွေရဲ့ ဖော်ပြချက်အရ စစ်ကောင် စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ၊အပစ်ရပ်ထိုး EAOs တွေနဲ့ ပါတီအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ ဩဂုတ် ၂၃ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတာပါ။…

မော်လမြိုင်မြို့မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ကောင် စီ တပ်ဖွဲ့ဝင်တွေ ထင်တိုင်းကြဲနေ

မော်လမြိုင် ၊ ဩဂုတ် ၂၅ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီတပ်၊ ရဲအပါအဝင် ပြည်သူ့စစ်တွေအပြင် နေ့စားခေါ်ယူပြီး စစ်ဝတ်စုံပေးဝတ်ထားသူတွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ပြည်သူတွေအပေါ် ထင်တိုင်းကြဲနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံပူးပေါင်းတပ်ဖွဲ့တွေဟာ လက်နက်အားကိုးနဲ့ ညနေပိုင်းကစပြီး အင်အား ပြကာ လူစည်ကားရာနေရာနဲ့ မထင်မှတ်တဲ့နေရာတွေမှာ ပိတ်ဆို့စစ်ဆေးတာ၊လုံခြုံရေးအကြောင်း ပြ လှည့်လည်တာ၊ ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။…

ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးကျလို့ ဒေသခံတစ်ဦးသေဆုံး

ကျိုက်ထို၊ ဩဂုတ် ၂၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းကျေးရွာမှာ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ သြဂုတ် ၂၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်ရင်း နှစ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တာပါ။ အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဟာ…

ကော့သောင်းမှာ စစ်ကောင်စီ ဆန်ရောင်းဝယ်ခွင့်ကန့်သတ်

ကော့သောင်း၊ ဩဂုတ် ၂၅ တနင်္သာရီတိုင်း ကော့သောင်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဆန်ရောင်းဝယ်ခွင့် ကန့်သတ်လိုက်တာကြောင့် ဆန်ဝယ်ယူလို့မရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစပြီး ကော့သောင်းမြို့ပေါ်ရှိ ဆန်ဆိုင်တွေမှာ စစ်ကောင်စီက ဆန်ရောင်းဝယ်ယူခွင့် ပိတ်ပင်လိုက်တာကြောင့် နယ်တွေဘက်က ဆန်ဆိုင်တွေမှာ ဆန်ဝယ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။ ဆန်ရောင်းဝယ်ခွင့်…

စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီး

မကွေး ဩဂုတ် ၂၄ မကွေးတိုင်း စေတုတ္တရာမြို့နယ်ရှိ ကျေးရွာနှစ်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ စေတုတ္တရာမြို့နယ်က ဝန်လိုရွာနဲ့ ခိုနန်းရွာ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးသွားပြီး တန်ဖိုးရှိပစ္စည်းတွေကိုယူဆောင်သွားတာပါ။ “ဒါတွေက မျှော်လင့်ထားပြီးသားပါ။ စုဆောင်းထားတာတွေ ပါသွားတော့ ဝမ်းနည်းမိတာပေါ့။ ဒါပေမဲ့ စကစ ကျရှုံးဖို့ သိပ်မလိုတော့တဲ့အတွက် စိတ်ဓာတ်ကျနေမှာတော့ မဟုတ်ဘူး။ ဒီကောင်တွေ အမြန်ကျရှုံးဖို့ဆုတောင်းတယ်”…

ဆေးကုသခွင့်မရလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၂၄ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အထိ ရှိလာတယ်လို့ အကျဉ်းသားအရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့ခြောက်ဖွဲ့က ဩဂုတ် ၂၃ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ရောက်ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS…

ရေးမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ နှစ်ဦးသေဆုံး

ရေး၊ ဩဂုတ် ၂၄ မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်လမ်းဝမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ် ဒရုန်းအပြင် လက်နက် ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ တပ်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်နေတဲ့ နှစ်ကရင်လမ်းဝဂိတ်ကို တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တွေက ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ…

ဖခင်ဖြစ်သူ သက်ဆင် မိမိနဲ့အစိုးရအဖွဲ့ကို ထိန်းချုပ်မထားဘူးလို့ ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက်၊ သြဂုတ် ၂၄ ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့သစ်ကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ထိန်းချုပ်ထားတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်လို့ သမီးဖြစ်သူ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ပယ်ချလိုက်ပါတယ်။ နိုင်ငံရေးသမားတွေ၊ သံတမန်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ တက်ရောက်ခဲ့တဲ့ သြဂုတ် ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံအတွက် အမြင်လို့ နာမည်ပေးထားတဲ့ အခမ်းအနား တစ်ရပ်မှာ…

တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး ဆွေးနွေး

ဘေဂျင်း၊ သြဂုတ် ၂၄ တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ဟာ သြဂုတ် ၂၃ ရက်မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ ဂါဇာစစ်ပွဲ အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီတို့ ဘေဂျင်းမြို့မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း တရုတ်…