မကွေး ဩဂုတ် ၂၃

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကာ စစ်သုံ့ပန်း ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင် ပကဖက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်က ကိုင်းတောမရွာသစ် ကျေးရွာမှာ အခြေချတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

“ကိုင်းတောမရွာသစ်ကျေးရွာမှာ အခြေချပြီး အနီးနားပတ်ဝန်းကျင်ကျေးရွာတွေကို ခိုးဆိုးလုယက်၊ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စကစခွေးစစ်ကြောင်းကို မနေ့က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ စကစ အများအပြားသေဆုံးထိခိုက်ပြီး ရန်သူ့လက်နက်မျိုးစုံ သိမ်းဆည်းရမိခဲ့ပါတယ်” လို့ မြိုင်ပကဖ ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းထံက အလောင်း ၁၂ လောင်းကို ရရှိခဲ့ကာ ၅ ယောက်မှာ ကာကွယ်ရေးအဖွဲ့တွေထံ အညံ့ခံခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းထံက MA1 – ၆ လက်၊ MA2 – ၃ လက်၊ MA3 – ၄ လက်၊ MA4 – ၁ လက်၊ MA11 – ၁ လက်၊ G3 – ၂ လက်၊ 79MM – ၁ လက်၊ BA100 (၆၀ မမ) – ၁ လက်၊ G3 ကျည် ၁၉၂ တောင့်၊ MA ကျည် ၈၆၇ တောင့်၊ ၉ မမကျည် ၁၉၆ တောင့်၊ ၆၀ မမ အဖူး ၁ ဖူး၊ ၈၁ မမ အဖူး ၅ ဖူး၊ ၄၀ မမအဖူး ၁၂ ဖူး၊ အီနာဂါ ၃ ဖူး၊ RPG အဖူး ၃ ဖူး၊ လက်ပစ်သီး ၃ လုံးနဲ့ အခြားပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကိုတော့ မြိုင်ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၂ ၊ ၆ ၊ ၇) တပ်ရင်းများ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ပခုက္ကူစုဖွဲ့မှု (Earthquake ၊ PPDF ၊ Young Force)၊ အညာမြေတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ BLY တပ်ဖွဲ့ ၊ PKU- THURAIN ၊ စကြာပြည်သူ့ကာကွယ်‎ရေးတပ်ဖွဲ့ ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ့၊ Justice Revolution Force နဲ့ ဒေသတွင်း လက်နက်ကြီးငယ် အဖွဲ့တွေ၊ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိုင် ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.