ကြာအင်းဆိပ်ကြီး ၊ သြဂုတ် ၂၃

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး အခြေစိုက်တပ်က စစ်ကောင်စီတပ်တစ်ဦးဟာ KNU တပ်မဟာ ၆ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ထံ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ KNU ဗဟိုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် အမှတ် ၃၂ ခြေလျင်တပ်ရင်းက တပ်သား ဇင်မင်းအောင် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

KNU ထံ အလင်းဝင်လာတဲ့ တပ်သား ဇင်မင်းအောင်ဟာ MA-1 သေနတ်နဲ့ တစ်လက်၊ ကျည်ဘောက် ၈ ဘောက်၊ ကျည်တောင့် ၂၀၆ တောင့်၊ အီနာဂါ ၁ လုံးနဲ့ အီကွေးမင့် ၁ စုံ ယူဆောင်လာခဲ့တာပါ။

အလင်းဝင်လာတဲ့ တပ်သား ဇင်မင်းအောင်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည်တော်လှန်သွားမယ်လို့ သိရပြီး KNU တပ်မဟာ ၆ ဘက်ကလည်း သတ်မှတ်ထားတဲ့ ထောက်ပံ့ကူညီမှုတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလအတွင်း KNU ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ထောင်ကျော် လာရောက်ပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.