August 23, 2024

စစ်အာဏာသိမ်း (၁၃၀၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၄၃) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၄ AAPP ရဲ့ သြဂုတ် ၂၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၀၀) ရက်အတွင်း ပြည်သူ (၅၅၄၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၄၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၆၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ရွေးကောက်ပွဲကျင်းပရေး စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့ ဆွေးနွေး

နေပြည်တော် ၊ ဩဂုတ် ၂၄ ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင် ရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်တွေအတွက် စစ်ကောင်စီနဲ့ နိုင် ငံရေးပါတီများအစုအဖွဲ့တို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ ဝါဒဖြန့်ပလက်ဖောင်းတွေကနေ သတင်းထုတ်ပြန်လာပါတယ်။ ဩဂုတ် ၂၁ ရက်နဲ့ ၂၂ ရက်နေ့တို့မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တို့ နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံ‌ဆွေးနွေးခဲ့ကြတာပါ။ တွေ့ဆုံမှုမှာ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး…

အနန်းကွင်းဗျူဟာမကျရေး စစ်ကောင်စီတပ် အပြင်းအထန်ခုခံနေ

ကြာအင်းဆိပ်ကြီး၊ သြဂုတ် ၂၄ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်မှာရှိတဲ့ အနန်းကွင်းဗျူဟာစခန်းမကျရေးအတွက် စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အနန်းကွင်းဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဩဂုတ်လ ဒုတိယအပတ်လောက်ကစပြီး ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် နှစ်ဖက်စစ်ရေးတိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ တောင်စွန်းစခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်တို့က…

လောင်းလုံး ကျောက်နီမော်ပစ်ခတ်မှုမှာ ပျူစောထီးအမျိုးသမီးတစ်ဦးသေဆုံး

လောင်းလုံး၊ ဩဂုတ် ၂၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ဩဂုတ် ၂၂ ရက် မနက် ၁၀ နာရီအချိန်ခန့်မှာ ကနဦးအနေနဲ့ ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်တွေ စုဝေးနေတဲ့နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် အားလုံး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ လောင်းလုံးမြို့နယ်…

မွန်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေ အပြောင်းအရွှေ့မကျရေး အကြီးအကျယ်လာဘ်ထိုးနေကြ

မော်လမြိုင် ၊ ဩဂုတ် ၂၄ မွန်ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ တခြားဒေသထံ မပြောင်း ရွှေ့ရရေးအတွက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အကြီးအကဲတွေကို အကြီးအကျယ် လာဘ်ထိုးတာတွေရှိနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ စစ်ကောင်စီက လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့အစား ပြောင်းရွှေ့တာဝန်ပေးတာတွေ လုပ်ဆောင်နေတာကြောင့် အပြောင်းအရွှေ့မကျရေး လာဘ်ထိုးမှုတွေ ရှိနေတာပါ။ ဒါ့အပြင် ပြည်နယ်အတွင်းကနေ ပြောင်းရွှေ့ခံရတဲ့…

မြိုင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး ၅ ဦး ဖမ်းဆီးရမိ

မကွေး ဩဂုတ် ၂၃ မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကာ စစ်သုံ့ပန်း ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင် ပကဖက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်က ကိုင်းတောမရွာသစ် ကျေးရွာမှာ အခြေချတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ “ကိုင်းတောမရွာသစ်ကျေးရွာမှာ အခြေချပြီး…

ယူကရိန်းခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ ငြိမ်းချမ်းရေး အကျိုးဆောင်လုပ်မယ်

ကိဗ်၊ သြဂုတ် ၂၃ သမိုင်းဝင် ယူကရိန် ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီဟာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ သြဂုတ် ၂၃ ရက်မှာ တွေ့ဆုံခဲ့ပြီး ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်ရေး အဖြေရှာဖို့ တွန်းအားပေးမယ်လို့ မျှော်လင့်ထားပါတယ်။ ရုရှား ကျူးကျော်တိုက်ခိုက်ပြီးနောက် နှစ်နှစ်ခွဲ အကြာမှာ ဝန်ကြီးချုပ် မိုဒီက သူ့ကိုယ်သူ…

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၇၀၀ နီးပါးထိခိုက်သေဆုံးခဲ့တယ်လို့ ကုလ ပြော

ရန်ကုန်၊ သြဂုတ် ၂၃ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း မြေမြှုပ်မိုင်းတွေနဲ့ စစ်ပွဲအတွင်း အခြားဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်တွေကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသူ အရပ်သား ၆၉၂ ဦး ရှိခဲ့တယ်လို့ ကုလသမဂ္ဂ နိုင်ငံတကာ ကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူ…

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လောက် ဆိုးရွားနေလဲ။

“ကျုးလွန်မှုတွေက စစ်တပ်တစ်ခုတည်းကချည်း လုပ်တာမဟုတ်ဘူး။ စစ်တပ်ကတော့ပိုပြီး ဆိုးရွားတာပေါ့လေ။ နောက် ကာကွယ်ရေးတပ်ဖွဲ့တွေ နောက်အမည်မသိအဖွဲ့တွေ ကျုးလွန်တာမျိုးလည်း ရှိနေတယ်” – ကိုယောလေး (PMCSG) အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံ တဝန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပိုဆိုးသထက် ဆိုးလာနေပါတယ်။ အဲဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဆောင်ကြတဲ့သူတွေထဲမှာ စစ်ကောင်စီက ထိပ်ဆုံးကဖြစ်ပေမယ့် ကာကွယ်ရေး တပ်ဖွဲ့တွေ၊ နောက်ပြီး အမည်မသိအဖွဲ့ တွေ…

စစ်ကောင်စီတပ်သား တစ်ဦး KNU ထံ လက်နက်နဲ့တကွ အလင်းဝင်

ကြာအင်းဆိပ်ကြီး ၊ သြဂုတ် ၂၃ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး အခြေစိုက်တပ်က စစ်ကောင်စီတပ်တစ်ဦးဟာ KNU တပ်မဟာ ၆ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ထံ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ KNU ဗဟိုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် အမှတ် ၃၂ ခြေလျင်တပ်ရင်းက တပ်သား…