သထုံ၊ ဩဂုတ် ၂၂
မွန်ပြည်နယ် သထုံမြို့ သုဓမ္မဝတီနယ်မြေရဲစခန်းက နယ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နယ်ထိန်းရဲတွေဖြစ်တဲ့ ဌေးလှိုင်ထွန်းနဲ့အောင်ကိုမင်းတို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်ဒု တိယအပတ်အတွင်း စခန်းမှာ လာရောက်ဖမ်းဆီးသွားတာပါ။
စစ်ကောင်စီတပ်က ဖမ်းဆီးခံ နယ်ထိန်းရဲ နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေ ကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာပါ။
လက်ရှိမှာတော့ သူတို့နှစ်ဦးကို သထုံအခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း တပ်စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့ကလည်း PDF တွေထံ ငွေကြေးထောက်ပံ့တာ၊ သတင်းပေး လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဇော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် သုံးဦးကို PDF တွေထံ သတင်းပေးဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီးနောက် ထောင်ဒဏ် ခုနှစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media