အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ ”ရခိုင်ပြည်နယ် ဂွမြို့နယ် ကျေးရွာ သုံးရွာက ဒေသခံပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးခဲ့တာ မရှိဘူး”လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနနဲ့ တပ်လော်ဘီချန်နယ်တွေက သတင်းအမှား ဖြန့် ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့အသံ၊ မြဝတီသတင်းဌာနအပါအဝင် စစ်တပ်လော်ဘီ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဩဂုတ် ၁၇ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရခိုင်ပြည်နယ် ဂွမြို့ နယ်ရှိ ကျေးရွာ ၃ ရွာက အ မျိုးသမီးတွေအပါအဝင် ဒေသခံပြည်သူ ၆၀ ကျော်ကို သြဂုတ် ၁၅ ရက်က စစ်ကောင်စီတပ်တွေ ဖမ်းဆီးထားတယ်လို့ ဒေသခံပြည်သူတွေကို မေးမြန်းကာ ရခိုင်ပြည်နယ်အခြေစိုက်ဒေသတွင်းသတင်းဌာန နိရဉ္စရာသတင်းဌာနက ဖော်ပြထားပါတယ်။

ဖမ်းခံရတဲ့သူတွေဟာ ဂွမြို့တောင်ဘက်မှာတည်ရှိတဲ့ ကုလားပြင်၊ ဇီးကုန်းနဲ့တိုင်ကျိုးကျေးရွာတို့က ဖြစ်ပြီး သြဂုတ်လ ၁၅ ရက် နေ့လယ်ပိုင်းက ဂွအခြေစိုက် ခမရ(၅၆၃)တပ်ရင်းက ရွာတွေထဲကို ဝင်ရောက်လာပြီး အကြောင်းတစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွားတယ်လို့ နိရဉ္စရာသတင်းဌာနက ဖော်ပြထားပါတယ်။

ရခိုင်ပြည် ဂွမြို့နယ်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ တရ စပ်ပစ်ခတ်နေသလို လေ ယာဉ်နဲ့လည်း ဗုံးဆက်တိုက်ကြဲချနေပြီး ဩဂုတ် ၁၆ ရက်နေ့က အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ Western Newsသတင်းဌာနက ဖော်ပြထားပါတယ်။

နိရဉ္စရာသတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=911916187642178&id=100064714144852&mibextid=oFDknk&rdid=qGLzgPOs77oxwIz7

Western News သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=958495516289875&id=100063883071441&mibextid=oFDknk&rdid=SeQhOeiGBV1Z6UKH

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေး လိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.