August 22, 2024

စစ်အာဏာသိမ်း (၁၂၉၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၄၁) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၃ AAPP ရဲ့ သြဂုတ် ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၉၉) ရက်အတွင်း ပြည်သူ (၅၅၄၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံaခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၃၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၅၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

တရုတ်စီမံကိန်းတွေကို အစွမ်းကုန်ကာကွယ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဩဂုတ် ၂၃ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းရှိ တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်ထိန်းသိမ်းကာကွယ်သွားမယ်လို့ စစ်ခေါင်းဆောင်က တရုတ်သံအမတ်ကြီး မစ္စမာကျားကို ပြောပါတယ်။ ဩဂုတ် ၂၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက သူ့ရဲ့သံအမတ်ခန့်အပ်လွှာပေးအပ်ချိန်မှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ စစ်ခေါင်းဆောင်က မြန်မာ-တရုတ်…

မိုးထိုးလာတဲ့ ကုန်ဈေးနှုန်းကြောင့် မျက်ဖြူဆိုက်လာတဲ့ ပြည်သူဘဝတွေ

မော်လမြိုင် ၊ ဩဂုတ် ၂၃ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်း စံချိန်တင်ထိုးတက်လာမှုနဲ့အတူ ဝင်ငွေနဲ့ထွက်ငွေမမျှတဲ့ပြဿနာကြောင့် ပြည်သူတွေဟာ စားဝတ်နေရေးအကျပ်အတည်း ဆိုက်လာခဲ့ပါတယ်။ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ အာဏာသိမ်းကာလအတွင်း ပစ္စည်းတစ်မယ်ကို အနည်ဆုံးသုံးဆကနေ ၁၀ ဆကျော်အထိ ဈေးနှုန်းမြင့်တက်လာပါတယ်။ အဲဒီထဲမှာ အိမ်မရှင်တွေ မရှိမဖြစ် အသုံးပြုနေရတဲ့ ဆန်ဈေးနှုန်းကလည်း အရင်က တစ်အိတ်ကို ကျပ် ၃၀၀၀၀ ကျော်သာရှိခဲ့ပေမယ့် အခုအခါမှာတော့ တစ်အိတ်ကို…

တိုက်ပွဲမရှိဘဲ တနင်္သာရီကကျေးရွာတွေ ဆက်တိုက်ဗုံးကြဲခံနေရ

တနင်္သာရီ၊ ဩဂုတ် ၂၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီလေ တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ဩဂုတ်လ ပထမအပတ်ကစပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလေတပ်က သကျက်၊ ဆင်းခေါင်၊ ကျောက်မိကျောင်း၊ ဂဏန်းကွင်း၊ ကွင်းသစ်၊ ညောင်ပင်းကွင်းနဲ့ ထုံမခါစတဲ့ ကျေးရွာတွေကို Mi-2 နဲ့ K8W အပါအဝင်…

ထိုင်းမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရတယ်လို့ သံသယရှိသူ တစ်ဦး တွေ့ရှိ

ဘန်ကောက်၊ သြဂုတ် ၂၂ ထိုင်းမှာ အန္တရာယ်ပိုများတဲ့ မျောက်ကျောက်ရောဂါ မျိုးစိတ်သစ် ကူးစက်ခံထားရတယ်လို့ သံသယရှိသူ တစ်ဦးကို သြဂုတ် ၂၁ ရက်မှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီ ဗိုင်းရပ်စ် မျိုးစိတ်သစ်ပျံ့နှံ့မှုကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း WHO က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပြီး ဖြစ်ပါတယ်။ အခု စစ်ဆေးတွေ့ရှိထားတဲ့ လူနာဟာ မျောက်ကျောက်ရောဂါ…

ရုရှား-တရုတ် လက်တွဲဆောင်ရွက်မှုကနေ ရလဒ်တွေ ထွက်ပေါ်လာပြီလို့ ပူတင် ပြော

မော်စကို၊ သြဂုတ် ၂၂ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်မှာ ကရင်မလင်နန်းတော်ကနေ တရုတ် ဝန်ကြီးချုပ် လီကီကျန်းကို ကြိုဆိုချိန်မှာ သမ္မတ ဗလာဒီမာ ပူတင်က ရုရှားရဲ့ တရုတ်နဲ့ စီးပွားရေး၊ ကုန်သွယ်ရေး အဆက်အသွယ်တွေကနေ ရလဒ်တွေ ထွက်ပေါ်လာပြီလို့ ပြောကြားပါတယ်။ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း အနောက်တိုင်းရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ…

ရခိုင်ပြည်နယ် ဂွမြို့နယ်က ဒေသခံတွေကို ဖမ်းဆီးတာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ ”ရခိုင်ပြည်နယ် ဂွမြို့နယ် ကျေးရွာ သုံးရွာက ဒေသခံပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးခဲ့တာ မရှိဘူး”လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနနဲ့ တပ်လော်ဘီချန်နယ်တွေက သတင်းအမှား ဖြန့်…

သထုံက နယ်ထိန်းရဲနှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးစစ်ဆေးနေ

သထုံ၊ ဩဂုတ် ၂၂ မွန်ပြည်နယ် သထုံမြို့ သုဓမ္မဝတီနယ်မြေရဲစခန်းက နယ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ နယ်ထိန်းရဲတွေဖြစ်တဲ့ ဌေးလှိုင်ထွန်းနဲ့အောင်ကိုမင်းတို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်ဒု တိယအပတ်အတွင်း စခန်းမှာ လာရောက်ဖမ်းဆီးသွားတာပါ။ စစ်ကောင်စီတပ်က ဖမ်းဆီးခံ နယ်ထိန်းရဲ နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေ ကြေးထောက်ပံ့မှုတွေ…

နောင်ချိုမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

နောင်ချို၊ ဩဂုတ် ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်အင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ နောင်ချိုမြို့ တောင်ခမ်းရွာရှိ စစ်ကောင်စီရဲ့ ၉၀၂ တပ်စခန်း၊ သရက်ချိုရှိ စစ်ကောင်စီတပ်စခန်းနဲ့ ကမ္ဘောဇဘုန်းတော်ကြီးတို့ကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ဟာ သြဂုတ် ၂၁…