သံဖြူဇရပ်၊ ဩဂုတ် ၂၁
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ တောင်ညိုစစ်ကြောင်းထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ရဲတံခွန်ကျေးရွာ တောင်ပေါက်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းလှုပ်ရှားစဉ် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး သုံးလုံးချပြီး တိုက်ခိုက်ခဲ့တာပါ။
ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထိခိုက်သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘုန်းကြီးကျောင်းထံ ပြန်လည်သယ်ဆောင်သွားတယ်လို့ တောင်ညိုစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့ကလည်း အဲဒီဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ဇူလိုင်လကတည်းက ရဲတံခွန်ကျေးရွာထဲ စစ်ကြောင်းထိုးပြီး တပ်စွဲနေထိုင်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တောင်ညိုစစ်ကြောင်း